နေပြည်တော် ၅   ဧပြီ

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Diamond Dominion Co.,Ltd ၏ စီစဉ်မှုဖြင့် ဂျပန်နိုင်ငံသားဧည့်သည်များသည် မြန်မာနိုင်ငံသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရောက်ရှိလာပြီး မတ် ၁၉  ရက်နေ့တွင် ရန်ကုန်-မန္တလေး-ဟုမ္မလင်း-ထမံသီ-ဟုမ္မလင်း ခရီးစဉ်သို့ သွားရောက်လည်ပတ် ခဲ့ကြသည်။

 

ဆက်လက်၍ အဆိုပါခရီးသည်များသည် မတ် ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ဂျပန်နိုင်ငံမှ ယူဆောင်လာသော Recorder (Musician Instruments) ဟုခေါ်သော ပုလွေများကို ဟုမ္မလင်းမြို့ ရွှေပြည်အေးကျေးရွာ၊ သောင်ထွတ်ကျေးရွာရှိ ကျောင်းသားကျောင်းသူများဖြင့် ဖွဲ့စည်းထားသော ဘင်ခရာအဖွဲ့များအတွက် လှူဒါန်းခဲ့ပြီး ဟုမ္မလင်း-ဖောင်းပြင်-ပဲလှော်-အလှော်-ဟုမ္မလင်း ခရီးစဉ်များသို့ မော်တော်ယာဉ်၊ ရေယာဉ်များဖြင့် သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် မတ်လ ၂၁ ရက်နေ့တွင် စက်လှေဖြင့် ဟုမ္မလင်းမြို့မှ တုန်ဟဲကျေးရွာသို့ သွားရောက်ခဲ့ပြီး မတ်လ ၂၃ ရက်နေ့တွင် တုန်ဟဲကျေးရွာအရှေ့ပိုင်း၌ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သော ဂျပန်စစ်သည်များအတွက် ဆုတောင်းကန့်တော့ပွဲပြုလုပ်ခဲ့ကြသည်။ ၄င်းနောက် အဆိုပါခရီးသွား ဧည့်သည်များသည် တုန်ဟဲဘုန်းကြီးကျောင်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး တုန်ဟဲကျေးရွာ၊ အလယ်တန်းကျောင်းတွင် ဂျပန်နိုင်ငံမှယူဆောင်လာသော ပုလွေများ၊ စာအုပ်များ၊ ခဲတံများနှင့် ဘောပင် များကို လှူဒါန်းခဲ့ပါသည်။ နေ့လည်ပိုင်းတွင် အဆိုပါဧည့်သည်များသည် တမူးမြို့သို့ မော်တော်ယာဉ်ဖြင့် သွားရောက်ခဲ့ကြပြီး မတ်လ ၂၃ ရက်နေ့တွင် တမူး-ကလေး-ရန်ကုန် ခရီးစဉ်အတိုင်း သွားရောက် လည်ပတ်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာသွားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

 

MDN

 

Hommalin