ဂျပန်နိုင်ငံ၌ နှင်းထုပြိုကျမှုကြောင့် နှင်းလျှောစီးသမား နှစ်ဦးသေဆုံး

မတ် ၁၂

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုကျွန်းတွင် ယမန်နေ့က နှင်းထုပြိုကျမှုကြောင့် နိုင်ငံခြားသားဟုယူဆရသော နှင်းလျှောစီးသမားနှစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။ အဆိုပါနှင်းထုပြိုကျမှုသည် ၁၈၉၈ မီတာအမြင့်ရှိယိုတီတောင်တွင် ယမန်နေ့မနက် ၁၁ နာရီဝန်းကျင်က နှင်းထုပြိုကျကြောင်းကယ်ဆယ်ရေးအဖွဲ့များ သတိပေးပြောကြားချိန်တွင် ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသတွင်းအာဏာပိုင်များကပြောကြားသည်။ နှင်းထုပြိုကျမှုကြောင့် ထိခိုက်သေဆုံးသူများသည် နယူးဇီလန်နိုင်ငံသားများဖြစ်သည်ဟုယူဆရကြောင်း ဒေသတွင်းမီဒီယာကဖော်ပြထားသည်။ ရဲတပ်ဖွဲ့၏ပြောကြားချက်အရ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးနှင့် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးတို့ကိုဆေးရုံသို့ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံပေါ်မှာပင် သေဆုံးသွားကြောင်းအတည်ပြုခဲ့သည်ဟု သိရသည်။ နှင်းလျှောစီးသူခြောက်ဦးအနက် ပခုံးထိခိုက် နာကျင်တစ်ဦးသည် ကျန်အဖွဲ့ဝင်သုံးဦးနှင့် ဒေသစံတော်ချိန် ညနေ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ပြန်လည်ဆုံတွေ့ခဲ့ပြီးနောက် အာဏာပိုင်များထံ နှင်းထုပြိုကျကြောင်း အသိပေးအကြောင်းကြားခဲ့သည်။ ထိုမတော်တဆမှုဖြစ်ပွားနေချိန်အတွင်း ယိုတီတောင်တွင် နှင်းထုပြိုကျမှုဆိုင်ရာသတိပေးချက်မရှိကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ၏ ဆပ်ပိုရိုဒေသဌာနချုပ်က အတည်ပြုထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို