ဩဂုတ် ၄

ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၂၄၉၈၃၀ ထပ်မံတွေ့ရှိခဲ့ရာ ကူးစက်မှုစံချိန်တင် မြင့်တက်ခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ နှစ်သိန်းကျော်ရှိလာသည်မှာ နှစ်ရက်ဆက်တိုက်ရှိလာသည်။ ဂျပန်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကူးစက်မှု သတ္တမလှိုင်းအတွင်း ပြီးခဲ့သည့်သီတင်းပတ် ကြာသပတေးနေ့က ရောဂါကူးစက်ခံရသူဦးရေ ၂၃၃၀၀၀ ဖြင့် ကူးစက်မှုမြင့်မားခဲ့သည်။

 

ယမန်နေ့က စံချိန်တင် ကူးစက်မှုဖြစ်ပွားသော ဒေသကြီး ၂၄ ခုတွင် ပါဝင်သော မြို့တော်တိုကျိုတွင် ရောဂါကူးစက်ခံရသူ ၃၈၉၄၀၊ အိုဆာကာခရိုင်တွင် ၂၄၀၃၈ ဦး၊ ယိုဂိုခရိုင်တွင် ၁၁၂၀၁ ဦး၊ အီချီခရိုင်တွင် ၁၇၇၇၈ ဦး ကူးစက်ခံရသည်။

 

အဆိုပါကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၁၆၉ ဦး ထပ်မံသေဆုံးခဲ့သည်။

 

ဂျပန်နိုင်ငံသည် ဇူလိုင်လ ၂၄ ရက်အထိ သီတင်းပတ်အတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူဦးရေ ၉၆၉၀၀၀ ကျော်ဖြင့် ကမ္ဘာနိုင်ငံများအနက် ကူးစက်မှုအရေအတွက် အများဆုံးနိုင်ငံဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ပြောကြားချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို