ဆိုးလ် ၁ မတ်
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ကိုင်တွယ်ဖြေရှင်းရာတွင် ဂျပန်နိုင်ငံက တောင်ကိုရီးယားနိုင်ငံနှင့် လက်တွဲ ဆောင်ရွက်သင့်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ပြောကြားလိုက်သည်။
ယနေ့ကျင်းပသည့် ဂျပန်နိုင်ငံ၏ ကိုလိုနီအုပ်ချုပ်မှုကိုဆန့်ကျင်ရေး လွတ်လပ်ရေးလှုပ်ရှားမှု နှစ်ပတ်လည်နေ့အခမ်းအနားတွင် သမ္မတ မွန်ဂျေအင်းက မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။ တောင်ကိုရီးယားနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပျံ့ပွားမှုကြောင့် ယခုနှစ်တွင် အခမ်းအနားကို ယခင်နှစ်များကဲ့သို့ ခမ်းနားစွာ မကျင်းပခဲ့ပေ။ တောင်ကိုရီးယားပြည်သူများက အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ပြီး ယခုအခါ စည်းလုံး နေပြီဟု မွန်ဂျေအင်းက ဆိုသည်။
တောင်ကိုရီးယားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် အနိုင်ရရှိပြီး စီးပွားရေး ပြန် လည်ဖွံ့ဖြိုးလာနိုင်သည်ဟု သူက ပြောသည်။ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု ထိန်းချုပ်ရန်နှင့် ရောဂါဖြစ်ပွားမှု၏ ရိုက်ခတ်မှုဒဏ် ခံခဲ့ရသည့် အသေးစားလုပ်ငန်းများကို ကူညီပေးရန် အစိုးရက အစွမ်းကုန် ကြိုးပမ်းမည်ဟု ၄င်းကဆိုသည်။ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပုံကိုလည်း သမ္မတ မွန်ဂျေအင်းက အလေးထားပြောကြားခဲ့သည်။ ကျန်းမာရေးကိစ္စရပ်များတွင် လက်တွဲဆောင်ရွက်ရန် မြောက်ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ပါကြောင်း ၄င်းက ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံက သူနှင့် နီးကပ်မှုအရှိဆုံးတိုင်းပြည်ဖြစ်ပြီး ၄င်းက ပြောကြားပြီး အနာဂတ်ကိုအခြေခံသော ဆက်ဆံရေးတစ်ရပ် ထူထောင်မည့် ပူးတွဲကြိုးပမ်းမှုများ လုပ်ဆောင်ရန် တောင်းဆိုလိုက်သည်။
ကိုးကား-အင်န် အိတ်ချ်ကေ
ဘာသာပြန်-ကျော်ထိုက်စိုး


