၁၀ ဖေဖော်ဝါရီ

ဂျပန်နိုင်ငံဖွား အမေရိကန်မိတ်ကပ်ပညာရှင်ဖြစ်သူ ကာဇူဟီတိုသည် ၎င်း၏ ဒုတိယမြောက်အော်စကာဆုကို Bombshell ဇာတ်ကားဖြင့် ရရှိခဲ့သည်။ 

 

ဟီတိုနှင့်အခြား မိတ်ကပ်ပညာရှင်နှစ်ဉီးသည် ဟောလိဝုဒ်တွင် ယမန်နေ့က ကျင်းပသည့် ၉၂ ကြိမ်မြောက် အကယ်ဒမီပေးပွဲတွင် အကောင်းဆုံး မိတ်ကပ်နှင့်ဆံပင်ပုံစံများအတွက် ယခုနှစ်အတွက် အော်စကာဆု ရရှိခဲ့ခြင်းဖြစ်သည်။

 

777

 

Bombshell သည် အမေရိကန်ထုတ်လွှင့်သူတစ်ဦး၏ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးခံရမှုကို ရိုက်ကူးထားခြင်းဖြစ်သည်။

 

ဆယ်ကျော်သက်အရွယ်ဘဝတွင် ဟီတိုသည် ဂျပန်နိုင်ငံအနောက်ပိုင်း ကျိုတိုမြို့တွင် မိတ်ကပ်ပညာကို စတင်လေ့လာခဲ့ပြီးနောက် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူ အကီရာကိုရိုဆာဝါနှင့် လက်တွဲလုပ်ကိုင်ပြီးနောက် ၎င်းသည် အမေရိကန်နိုင်ငံသို့ ပြောင်းရွေ့ခဲ့သည်။ 

 

၂၀၁၈ခုနှစ်တွင် ၎င်းသည် Darkest Hour ဇာတ်ကားဖြင့် ပထမဆုံး အော်စကာဆု ရရှိခဲ့သည်။ 

 

ကိုးကား-အန်အိတ်ချ်ကေ


ဘာသာပြန်-မေဇော်ထက်