ဂျပန်နိုင်ငံသို့ အလွန်အားကောင်းသော တိုင်ဖွန်းမုန်တိုင်းနှင့် အပူပိုင်းမုန်တိုင်းများ ဝင်ရောက်နိုင်

ဩဂုတ် ၂၈

ဂျပန်နိုင်ငံမိုးလေဝသတာဝန်ရှိသူများက ဂျပန်နိုင်ငံသို့ အလွန်အားကောင်းသောတိုင်ဖွန်းမုန်တိုင်းနှင့် အပူပိုင်းမုန်တိုင်းများ ဝင်ရောက်နိုင်ကြောင်း နိုင်ငံသားများအား သတိပေးပြောကြားထားသည်။

အဆိုပါအပူပိုင်းမုန်တိုင်းသည် ယနေ့မနက်ပိုင်းတွင် ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း တိုဟိုကူဒေသကမ်းလွန်သို့ ရွေ့လျား သွားသည်ဟု မိုးလေဝသတာဝန်ရှိသူများက ဆိုသည်။

ထိုမုန်တိုင်းသည် မွန်းလွဲပိုင်းတွင် ထိုဒေသမှအရှေ့ဘက်သို့ဦးတည်ချက်ပြောင်းလဲသွားဖွယ်ရှိကြောင်း မိုးလေဝသ ပညာရှင်များက ကြိုတင်ခန့်မှန်းထားသည်။

ကမ်းရိုးတန်းဒေသများတွင် လေပြင်းများတိုက်ခတ်ပြီး လှိုင်းများကြီးနိုင်သဖြင့် ယင်းဒေသတွင်နေထိုင်သူများအား သတိဖြင့်စောင့်ကြည့်နေထိုင်ကြရန် အကြံပြုပြောကြားထားသည်။

ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်းတွင်တိုက်ခတ်နေသော အလွန်အားကောင်းသောတိုင်ဖွန်းမုန်တိုင်း ဆာအိုလာသည် အိုကီနာဝါခရိုင်ရှိ ကျွန်းများသို့ ဖြည်းဖြည်းချင်းဦးတည်ချက်ပြောင်းလဲတိုက်ခတ်သွားမည်ဟုလည်း တာဝန်ရှိသူများက ဆိုသည်။

ထိုတိုင်ဖွန်းမုန်တိုင်းသည် ထပ်မံအားကောင်းလာပြီး ဩဂုတ်လ ၃၀ ရက်ဝန်းကျင်တွင် အိုကီနာဝါခရိုင်ရှိ ဆာကီရှီမာကျွန်းများသို့ ချဉ်းကပ်သွားဖွယ်ရှိသည်။

တာဝန်ရှိသူများက မုန်တိုင်းနှင့်ဆက်စပ်သည့်သတင်းများစောင့်ကြည့်နားထောင်ရန်နှင့် ဖြတ်သန်းသွားလာသည့် သင်္ဘောများအား ဂရုစိုက်သွားလာကြရန် နိုင်ငံသားများအား သတိပေးပြောကြားထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို