၂၀ မတ် 

ဂျပန်နိုင်ငံတွင် တိုကျို ၂၀၂၀ အားကစားပွဲအတွက် ဂရိနိုင်ငံမှ အိုလံပစ်မီးရှူးတိုင် ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထိုမီးရှူးတိုင် သယ်ဆောင်လာသော အထူးသယ်ယူပို့ဆောင်ရေး လေယာဉ်သည် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း မီရာဂီ စီရင်စုရှိ ဂျပန်လေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ မတ်ဆူရှီမာ အခြေစိုက်စခန်းသို့ ယနေ့မနက် ၉ နာရီ ၃၀ မိနစ်ခန့်က ရောက်ရှိခဲ့သည်။စီစဉ်ထားသည့်အချိန်ထက်  မိနစ် ၉၀ စော ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ဂရိနိုင်ငံရှိ ရှေးဟောင်း အပြိုအပျက်ထဲရှိ အိုလံပစ်မီးရှူးတိုင်ကို မတ်လ ၁၂ ရက်နေ့က မီးထွန်းညှိခဲ့သည်။

ကြိုဆိုပွဲ အခမ်းအနားကို သောကြာနေ့နှောင်းပိုင်းက မတ်ဆူရှီမာ အခြေစိုက်စခန်းတွင် ကျင်းပခဲ့ကြသည်။

အိုလံပစ်မီးရှူးတိုင် ကို သုံးကြိမ်တိုင် အိုလံပစ် ချန်ပီယံဆုရရှိခဲ့သော ဂျူဒိုသမား Tadahiro Nomura နှင့် နပန်းသမား Saori Yoshida တို့နှစ်ဦးစလုံးက လက်ခံပြီး မီးထွန်းညှိပေးခဲ့ကြသည်။

အိုလံပစ်မီးရှူးတိုင် လက်ဆင့်ကမ်း သယ်ယူမှုကို မတ်လ ၂၆ ရက်နေ့တွင်  ဖူကူရှီးမားစီရင်စုရှိ ဂျေ-အားကစားကျေးရွာ လေ့ကျင့်ရေး သင်တန်းကျောင်းမှ စတင်လုပ်ဆောင်မည် ဖြစ်သည်။

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို