၂၀ မတ်

ဂျပန်နိုင်ငံ ယနေ့ ဒေသစံတော်ချိန် ၁၀ နာရီ ၃၀ မိနစ်တွင်  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ၉၆၂ အထိ မြင့်တက်လာကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနနှင့် ဒေသန္တရအစိုးရက ပြောကြားခဲ့သည်။

 

ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ တိုကျိုအနီး ယိုကိုဟားမားတွင် သီးသန့်ထားရှိသည့် Diamond Princess ဇိမ်ခံသင်္ဘောမှ ဗိုင်းရပ်စ်ကူးစက်ခံရသူများ အပါအဝင် အဆုတ်ရောင်ရောဂါ ဖြစ်စေသော ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၀ ရှိသည်ဟု သိရသည်။

 

ဂျအန်နိုင်ငံ မြောက်ဘက်ခြမ်း ဟော့ကိုင်းဒိုး စီရင်စုတွင် ကိုဗစ်-၁၉ ကူးစက်မှုအများဆုံးဖြစ်ပွားပြီး ကူးစက်ခံရသူ ၁၅၇ ဦးရှိကြောင်း၊ အီချီစီရင်စုတွင် ကူးစက်ခံရသူ ၁၃၄၊ အိုဆာကာတွင် ၁၁၉၊ တိုကျိုတွင် ၁၁၈၊ယိုဂိုတွင် ၉၅နှင့် ကာနာဂါဝါ စီရင်စုတွင် ၆၆ ဦး တို့ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနနှင့် ဒေသန္တရအာဏာပိုင်များ ၏ နောက်ဆုံးစာရင်းဇယားများအရ သိရသည်။

 

လတ်တလောတွင် ရောဂါကူးစက်ခံရသူ ၆၁ ဦးသည် ပြင်းထန်စွာ ဖျားနာနေသဖြင့် အထူးကြပ်မတ် စောင့်ရှောက်မှုဖြင့် ဆေးကုသမှုခံယူလျက်ရှိသည်။

 

၇၆၆ ဦးမှာ ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို