ဂျပန်တွင် မျောပါလှေတွေ့ရှိရာ လှေပေါ်ပါသူများကို မြောက်ကိုရီးယားသို့ ပြန်ပို့မည်

၁၄ ဇန်နဝါရီ

ဂျပန်နိုင်ငံ အနောက်ပိုင်း ချီမာနီ စီရင်စုရှိ ရဲတပ်ဖွဲ့က မျောပါလှေပေါ်ရှိ လူလေးဦးကို လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများထံ ယမန်နေ့က လွှဲပြောင်းခဲ့ကြကြောင်းနှင့် အဆိုပါ လေးဦးကို မြောက်ကိုရီးယားသို့ ပြန်ပို့ဖွယ်ရှိကြောင်း သိရသည်။

mdn

ထို မျောပါလှေ ကို ဂျပန်ပင်လယ်ပြင် ကျွန်းတစ်ကျွန်းပေါ်ရှိ အိုကီနိုချီမား မြို့ကမ်းခြေတွင် ပြီးခဲ့သည့် ၈ ရက်နေ့က တွေ့ရှိခဲ့ပြီး အသက် ၁၀ နှစ် နှင့် ၃၀ နှစ်ကြားရှိ လှေပေါ်ပါ လေးဦးကို ရဲတပ်ဖွဲ့ က ထိန်းသိမ်းထားခဲ့သည်။
စုံစမ်းစစ်ဆေးရေး သတင်းရင်းမြစ်က သတင်းထုတ်ပြန်ချက်တွင် ယင်းလေးဦးသည် ဒီဇင်ဘာလအစောပိုင်း က မြောက်ကိုရီးယားမှ ထွက်ခွာခဲ့ကြပြီး ကိုရီးယားစကား ပြောတတ်သူများဖြစ်ကြောင်းနှင့် ၎င်းလှေပေါ်တွင် ငါးဖမ်းကိရိယာ ၊ အင်ဂျင်ပျက် တစ်လုံးတို့ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

mdn

၎င်းတို့လေးဦးကို ကမ်းခြေစောင့် တပ်ဖွဲ့လေယာဉ်ဖြင့် အိုကီ လေဆိပ် မှ နာဂါဆာကီ လေဆိပ် သို့ယမန်နေ့က ပို့ခဲ့ကြပြီး ထို့နောက် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း နာဂါဆာကီ စီရင်စု ရှိ အိုမူအာ မြို့ရှိ လူဝင်မှုကြီးကြပ်ရေး ဌာနသို့ ပို့ခဲ့ကြောင်း သိရသည်။

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို