ဟားခါး ၁၆ ဧပြီ                       

 

ဟားခါးမြို့ အိမ်မက်တော်ရ သစ္စာအောင်မြေကုန်းတော် ဇေတဝန်တောရစာသင်တိုက်၏ ဦးစီးပဓာန နာယက၊ ချင်းတောင်တန်း သာသနာပြုဆရာတော် ဒေါက်တာဘဒ္ဒန္တတေဇောသာရ အမှူးရှိသော ဒုလ္လဘရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် ယောဂီများအား  ပြည်နယ်အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သင်္ကြန်အတက်နေ့ နံနက်အရုဏ်ဆွမ်းနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။

 

11

 

ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ချင်းပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဆန်းထွန်းစိန်၊ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ငြိမ်းနှင့် ဝန်ထမ်းများ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံဗုဒ္ဓဘာသာဝင်များ တက်ရောက်ခဲ့ကြပြီး ဆရာတော် ဒေါက်တာဘဒ္ဒန္တတေဇောသာရမှ ရှစ်ပါးသီလနှင့်ဆွမ်း ဆက်ကပ်လှူဒါန်းရခြင်း ကုသိုလ်တော်တရားများ ဟောကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြကြောင်း ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN