ဟားခါး ၁၁ မတ်
ဟားခါးမြို့၊ မြို့နယ်မီးသတ်စခန်းနှင့် (၂)မိုင်ခန့်ကွာဝေးသော မြို့သစ်ရပ်ကွက်၊ ဟားခါး−ဖလမ်းလမ်း အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းနှင့် ဝန်ကြီးများအိမ်ရာကြားတွင် မတ် ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်က တောမီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သိရသည်။
တောမီးလောင်ကျွမ်းမှု ဖြစ်ပွားရာသို့ ဟားခါးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီးနှင့် ရေသယ်ယာဉ်(၁)စီး၊ ဟားခါးမြို့နယ် မီးသတ်ဉီးစီးမှူး ဉီးသျှန်နွန်မောင် ဉီးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှချိုနှင့် တပ်ဖွဲ့ဝင်များက ရေဂါလန်ပေါင်း (၈၀၀)ခန့်အသုံးပြု၍ မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြသည်။
အဆိုပါတောမီးလောင်ကျွမ်းမှုကြောင့် သစ်တောဧရိယာ ခန့်မှန်း(၂)ဧကခန့် လောင်ကျွမ်းခဲ့ကြောင်းနှင့် အဆောက်အဉီ လူနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်း မရှိကြောင်း၊ ဟားခါးမြို့နယ် မီးသတ်ဉီးစီးဌာနမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက် ရုံးအမိန့်စာမှတ် (၃/၂၀၁၉)အရ ထုတ်ပြန်ကြေညာသည့် မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဉပဒေပုဒ်မ(၁၆)၊ ပုဒ်မခွဲ(က)အရ ထုတ်ပြန်သည့် ဉပဒေများကို ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်း နေထိုင်သူများမှ ဖောက်ဖျက်ကျူးလွန်ပါက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဉပဒေပုဒ်မ ၃၄ ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် မီးသတ်ဉီးစီးဌာန၏ ပြောကြားချက်အရ သိရှိရသည်။
ကျော်စွာ(ပြန်/ဆက်)


