ဟားခါး အောက်တိုဘာ ၈
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဟားခါးမြို့ စျေးသစ်ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် တလန်ဟရောန်းလမ်းစုံ၌ ကျင်းပသည်။
အဆိုပါ မြေစိုက်ပိုစတာ စိုက်ထူပွဲတွင် ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးလျန်ဇခုပ်၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ခေတ္တပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မြေစိုက်ပိုစတာအား အမွှေးနံ့သာရည် ပက်ဖျန်းဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


