ဟားမားစ်စစ်သွေးကြွအဖွဲ့နှင့် အစ္စရေးစစ်တပ်တို့အကြား တိုက်ခိုက်မှုများဖြစ်ပွား၊ ၁၁၀၀ ကျော် သေဆုံး

 

 

ဂျေရုဆလင်၊ အောက်တိုဘာ ၉

 

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့်ပါလက်စတိုင်း ဟားမားစ်စစ်သွေးကြွ အဖွဲ့တို့အကြား တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ရာ ၁၁၀၀ ကျော် သေဆုံးကြောင်း သိရသည်။

 

ထိန်းချုပ်ထား

 

ဟားမားစ်စစ်သွေးကြွအဖွဲ့သည် ဂါဇာကမ်းမြှောင်ကို လက်ရှိအချိန်တွင် ထိန်းချုပ်ထားသည်။ နိုင်ငံတောင်ပိုင်း မြို့များနှင့် အခြားဒေသများတွင် ဟားမားစ်စစ်သွေးကြွများနှင့် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း အစ္စရေးစစ်တပ်က ပြောကြားသည်။ ဂါဇာကမ်းမြောင်ဒေသရှိ ဟားမားစ် စစ်သွေးကြွများ၏ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ထပ်လောင်း ပြောကြားသည်။

 

ဂါဇာကမ်းမြောင်ဒေသရှိ တာဝန်ရှိသူများက အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူပေါင်း ၄၁၃ ဦး သေဆုံးခဲ့ကြောင်း အောက်တိုဘာ ၈ ရက်တွင် ပြောကြားသည်။

 

ဟားမားစ်စစ်သွေးကြွများသည် အစ္စရေးစစ်သားများနှင့် အရပ်သားအများအပြားကို ဓားစာခံအဖြစ် ဖမ်းထားသည်ဟု လည်း သိရသည်။

 

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးသုံ့ပန်း ၁၀၀ ကျော်ကို ထိန်းသိမ်းထားကြောင်း ဟားမားစ်အဖွဲ့က မှတ်ချက်ပြုပြောကြားသည်။

 

ဂါဇာအခြေစိုက်ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက သေဆုံးမှုတွင် ကလေးငယ်များနှင့် အမျိုးသမီးများ ပါဝင်ခဲ့ပြီး ဒဏ်ရာရသူအချို့မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ပြောကြားသည်။ ကိုး

 

ကား - အင်န်အိတ်ချ်ကေ၊ ဆင်ဟွာ

ဘာသာပြန် - စိုးသူရ