ဟောင်ကောင်ကို အလည်အပတ်ထွက်ခဲ့ကြတဲ့ ရိန်း နဲ့ ကမ်တေဟီး

အေးပြည့်

တောင်ကိုရီးယားရဲ့ နာမည်ကျော်ကြယ်ပွင့် မောင်နှံနှစ်ဦးဖြစ်တဲ့ ရိန်းနဲ့ ကမ်တေဟီးတို့ဟာ လတ်တလောမှာတော့ ဟောင်ကောင်ကို အတူတကွ အလည်အပတ်ထွက်ခဲ့ကြတာကို တွေ့ရပါတယ်။ သူတို့နှစ်ဦး ဟောင်ကောင်မှာရှိနေစဉ် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဟာလည်း လတ်တလောမှာတော့ အွန်လိုင်းမီဒီယာတွေပေါ်မှာ ပျံ့နှံ့နေကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဇူလိုင် ၃ဝ ရက်မှာ ဟောင်ကောင်ရဲ့ လမ်းမတွေပေါ်မှာ လျှောက်နေကြတဲ့ ရိန်းနဲ့ ကမ်တေဟီးတို့ရဲ့ ပုံရိပ်တွေဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေမှာတော့ ကြယ်ပွင့်မောင်နှံဟာ တီရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး နေကာမျက်မှန်ကိုယ်စီ တပ်ထားတာကိုလည်း တွေ့ရပါတယ်။

ရိန်းနဲ့ ကမ်တေဟီးတို့ဟာ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလအတွင်း လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သမီးလေးကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မွေးဖွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ကြေးမုံ