၂၅ နိုဝင်ဘာ

ဟောင်ကောင်တွင် တနင်္ဂနွေက ပြုလုပ်သည့် ရွေးကောက်ပွဲတွင် ဒီမိုကရေစီလိုလားထောက်ခံသူများက တရုတ်အစိုးရကို လိုလားထောက်ခံသူများထက် မဲအနိုင်ရရှိခဲ့သည်။

အမတ်နေရာ ၄၅၂ နေရာအနက် အများစုနေရာများကို အနိုင်ရရှိခဲ့ကြောင်း ဒေသန္တရမီဒီယာများက ဖော်ပြခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲသည် ဒီမိုကရေစီအရေးဆန္ဒပြမှုများဖြစ်ပွား ၅လအကြာ စတင်ကျင်းပခဲ့သည့် ပထမဆုံး ရွေးကောက်ပွဲဖြစ်သည်။

ဒီမိုကရေစီလိုလားသည့် ကိုယ်စားလှယ်လောင်းများသည် အစောပိုင်းကတည်းက အခမ်းအနားများ ကျင်းပလျက်ရှိသည်။ဆန္ဒပြသူများက ၎င်းတို့အား အရှိန်အဟုန်ဖြင့် ထောက်ခံမှုပြုလုပ်ပေးခဲ့သည်။

မဲပေးခွင့်ရှိသူမှာ စံချိန်တင် ၇၁ဒသမ ၂ရာခိုင်နှုန်းရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့သည်။

ခရိုင် ကောင်စီရှိ နယ်မြေများတွင် မဲပေးခွင့်သည် အကန့်အသတ်ဖြင့်သာရှိသည်။ သို့သော်လည်း ဟောင်ကောင် အမှုဆောင်အရာရှိချုပ်ကို ဒေသခံများကရွေးကောက်တင်မြှောက်ခြင်း မပြုခဲ့ကြပေ။

ဟောင်ကောင်၏ အနာဂတ်နှင့် အစိုးရ၏ တုံ့ပြန်မှုများအပေါ်  ဆန္ဒခံယူပွဲမှတစ်ဆင့် ရွေးကောက်ပွဲတွင် သက်သေပြလိုက်ခြင်းဖြစ်သည်။

ဒီမိုကရေစီစနစ်ကို အနိုင်ရရှိလိုက်ခြင်းသည် အနာဂတ်တွင် ဆန္ဒပြမှုများကို ပို၍ အရှိန်အဟုန်မြင့် ပေးလိုက်ခြင်းဖြစ်သည်ဟု လေ့လာသူများက ပြောကြားသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်