၁၃ ဇန်နဝါရီ
ဟေတီနိုင်ငံတွင် ၂၀၁၀ ခုနှစ်က ငလျင်အကြီးအကျယ် လှုပ်ခတ်မှုကြောင့် လူပေါင်းသုံးသိန်းကျော် သေဆုံးခဲ့သဖြင့် ယင်းသေဆုံးသူများအတွက် အောက်မေ့ဖွယ် အခမ်းအနားကို မြို့တော်ပေါ့တ်အော်ရ်ပရင့်စ်တွင် ကျင်းပခဲ့သည်။
ပြည်သူ ၁ ဒသမ ၅ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည့် ထိုငလျင်လှုပ်ခတ်မှုတွင် သေဆုံးခဲ့သူများအတွက် သမ္မတ ဂျိုဗီနယ်မွိုက်နှင့် အခြားအဆင့်မြင့်အရာရှိများ တက်ရောက်ပြီး ဘေးအန္တရာယ်ဆိုင်ရာ အထိမ်းအမှတ်နေရာတွင် ပန်းစည်းချခဲ့သည်။ယင်းအခမ်းအနားကို ပြီးခဲ့သည့် စနေနေ့က ကျင်းပခဲ့ခြင်း ဖြစ်သည်။
တစ်နိုင်ငံလုံးရှိ ဘုရားကျောင်းများတွင် ပြည်သူများစုဝေးကာ သေဆုံးသွားသော မိသားစုနှင့် မိတ်ဆွေများအတွက် ဝတ်ပြုဆုတောင်းပေးကြသည်။
၎င်းငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် ၁၀ နှစ်အကြာ နိုင်ငံတကာအကူအညီပေးမှုများ လျော့နည်းလာသည်။
နိုင်ငံရေး မတည်ငြိမ်မှုနှင့် အစိုးရ ဆန့်ကျင့်ရေး ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေခြင်းသည် ပြန်လည်ထူထောင်ရေး နှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို နှေးကွေးစေသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


