ဟိုင်းကြီးကျွန်း အောက်တိုဘာ ၈
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့တွင် နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့ မဲပေးကြပါစို့ မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့အဝင်တံတားလမ်းဆုံ၌ ကျင်းပသည်။
အဆိုပါ မြေစိုက်ပိုစတာအား ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် လူစည်ကားရာနေရာတွင် စိုက်ထူထားခြင်းဖြစ်ပြီး ဟိုင်းကြီးကျွန်းမြို့အပါအဝင် ငပုတောမြို့နယ်၌ ပထမအကြိမ်မဲစာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၈၂၀၄၅ ဦးနှင့် မဲရုံပေါင်း ၂၄၅ ရုံရှိကြောင်း သိရသည်။
လှိုင်မျိုးအောင်


