နေပြည်တော် ၂၄ နိုဝင်ဘာ
ယနေ့နံနက် ၈ နာရီ ၄၆ မိနစ်ခန့်က ဟိုပင်မြို့၏ အနောက်မြောက်ဘက် (၃)မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၃.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။
အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၅.၀၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၅၀)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်။
ယနေ့နံနက် ၅ နာရီ ၁၃ မိနစ်ခန့်ကလည်း ဟိုပင်မြို့၏ အနောက်မြောက်ဘက် (၆)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၄.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။
MDN


