နေပြည်တော် ၂၄ နိုဝင်ဘာ
ယနေ့နံနက် ၅ နာရီ ၁၃ မိနစ်တွင် ဟိုပင်မြို့၏ အနောက်မြောက်ဘက် (၆)မိုင်ခန့်အကွာကို ဗဟိုပြု၍ ၄ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ကြိမ်၊ နံနက် ၈ နာရီ ၄၆ မိနစ်တွင် ဟိုပင်မြို့၏ အနောက်မြောက်ဘက် (၃)မိုင်ခန့်အကွာကို ဗဟိုပြု၍ ၃ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ကြိမ်၊ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် ဟိုပင်မြို့၏ အနောက်မြောက်ဘက် (၄)မိုင်ခန့်အကွာကို ဗဟိုပြု၍ ၃ ဒသမ ၃ အဆင့်ရှိ ငလျင်တစ်ကြိမ် စုစုပေါင်း သုံးကြိမ် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယနေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်က လှုပ်ခတ်ခဲ့သည့် ငလျင်သည် မြောက်လတ္တီတွဒ် (၂၅.၀၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၄၆)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်။
MDN
{Myanmar Digital News ၏ သတင်းများကို http://www.mdn.gov.mm ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။}


