နေပြည်တော် ၂၃ မတ်

၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈)နာရီ၊ (၅၁)မိနစ်၊ (၂၆) စက္ကန့် အချိန်တွင် ကသာမြေငလျင်စခန်းမှ မြောက်ဘက် (၆၁)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟိုပင်မြို့၏ အနောက်မြောက်ဘက်(၁၂)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၀၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၆)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

Crd. မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန