ဟိုပင် ၁၀ ဧပြီ             

              

သက်ငယ်မုဒိန်းမှု ပပျောက်ရေး၊ ယဉ်စည်းကမ်း လမ်းစည်းကမ်း၊ မူခင်းလျှော့ချရေး၊ လူကုန်ကူးမှု တာဆီးကာကွယ်ရေး မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ  အသိပညာပေး ဟောပြောပွဲကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြို့မမြောက်ရပ်ကွက် ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာပြု ကျောင်းတိုက်၌ ယမန်နေ့ ညနေ ၃ နာရီ က ဒသမအကြိမ်မြောက် အငယ်တန်း ကလေးတရား စခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

ယင်းသို၌ အသိပညာပေးရာတွင် ဟိုပင်ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်ဗျက်ဆန်းက လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်၊ တရားဉပဒေ စိုးမိုးရေး၊ သက်ငယ်မုဒိန်းမှုပပျောက်ရေး၊ ယဉ်စည်းကမ်း လမ်းစည်ကမ်း ဆောင်ရန် ရှောင်ရန်များ၊ လိုက်နာရန် စည်းကမ်းများကို   အသိပညာပေး ဟောပြောခဲ့သည်။

 

           

အဆိုပါ အငယ်တန်း ကလေးတရားစခန်းကို မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တနာရဒ၏ ဦးဆောင်မှု၊  အလှူရှင်များနှင့် ဆရာ၊ ဆရာမများ ပံ့ပိုးကူညီမှုဖြင့် ဧပြီ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ  ၅ တန်း၊ ၆ တန်း၊ ၇ တန်း  အငယ်တန်းများမှ  ကလေးယောဂီ ၁၄၅ ဦးဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး   စခန်းတွင် စခန်းမှူး ရဲအုပ်ဗျက်ဆန်း၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ဆရာတော်၏သြဝါဒ တရားတော်များ၊ အထွေထွေ ဗဟုသုတများ၊ ကျန်းမာရေးနှင့် ပတ်သက်သည့် ဗဟုသုတများကို သင်ကြား ဟောပြောခဲ့ကြောင်း သိရသည်။

 

(တိုးတိုးမေ- ဟိုပင်)