ဟိုပင်  ၂၄  မတ်    

    

ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင်းခြင်းကို မတ် ၂၃ ရက်က ညနေပိုင်းက ကချင်ပြည်နယ် ဟိုပင်မြို့ရှိ အ.ထ.က တေဇခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ေ

 

အခမ်းအနားတွင် ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာက ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ငလျင်လှုပ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

ိ

 

အဆိုပါ အခမ်းအနားသို့ မိုးညှင်းမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုး၊ ဟိုပင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်၊ မိုးညှင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်နိုင်ထွေးနှင့် ၀န်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဟိုပင်မြို့ မီးသတ်စခန်းတာ၀န်ခံ၊ အရန်မီးသတ်တပ်ဖွဲ့စခန်းမှ တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီ တပ်ဖွဲ့၀င်များ၊ လူမှုရေးအသင်း အဖွဲ့၀င်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး သင်တန်းသား ၃၀ ဦးတို့ဖြင့် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

 

တိုးတိုးမေ (ပြန်/ဆက်) 

 

န