ဟိုပန်မြို့နယ်၊ ကျယ်ပန်ကျိုင်း-ကောင်းပျက်-အိုက်ကျော်ပါး ကျေးရွာချင်းဆက်လမ်း ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး


နေပြည်တော် ဧပြီ ၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၂၆၅ ဒသမ ၂၆၅ သန်းဖြင့် ဆောင်ရွက်ခဲ့သော “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ကျယ်ပန်ကျိုင်း-ကောင်းပျက်-အိုက်ကျော်ပါး ကျေးရွာချင်းဆက်လမ်း ၇ မိုင် အနက် ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်းလုပ်ငန်းမှာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းဟိုပန်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
အဆိုပါ လမ်းဖောက်လုပ်ပြီးစီးမှုကြောင့် ဟိုပန်မြို့နယ်အတွင်းရှိ ပန်လုံမြို့နှင့် ကျေးရွာ ၈ ရွာ၊ လူဦးရေ ၉၃၂၃ ဦး တို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝများအတွက် များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် များစွာဝမ်းမြောက် ပျော်ရွင်လျက်ရှိကြောင်း သိရသည်။ 
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၄၉၈၇ ဒသမ ၄၈၃ သန်းဖြင့် မြေလမ်း ၂၈ မိုင်၊ အမာခံလမ်း ၅ မိုင်၊ ကျောက်လမ်း ၁၃ မိုင် ၂ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာ ၁ ဒဿမ ၆ ဖာလုံ ၊ ကွန်ကရစ်လမ်း ၆ ဒဿမ ၇ ဖာလုံ၊ ကွန်ကရစ် တံတား ၁ စင်း၊ Box Culvert ၃၉ စင်း၊ ရေကျော် ၁ စင်း၊ ပညာရေး လုပ်ငန်း ၄ ခု၊ သာသနာရေးလုပ်ငန်း ၅ ခု၊ သောက်သုံးရေရရှိရေးလုပ်ငန်း ၁ ခုနှင့် ဦးစီးဌာနလုပ်ငန်း ၅ ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်