နေပြည်တော် ၂၁ ဒီဇင်ဘာ

 

 

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက်တွင် ဟိုပုံးမြို့နယ် ဒုံကောင်းကျေးရွာ၏ အရှေ့တောင်ဘက် ၁ မိုင်ခန့် အကွာ၌ အမြင့် ၆ လက်မခန့်ရှိ ဖွံ့ဖြိုးဆဲ ဘိန်းခင်းစုစုပေါင်း ၇ ဧကခန့်အား ဖျက်ဆီးခဲ့သည်။

 

 

အလားတူ ဆီဆိုင်မြို့နယ် လွယ်ဆောင်ကျေးရွာ၏ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၁၇ ဧကခန့်၊ ပင်လောင်းမြို့နယ် ကင်ပွန်းခြုံကျေးရွာ၏ မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၁၃ ဧကခန့်၊ မိုင်းဆတ်မြို့နယ် ဖတ္တူမိန်းကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၅ လက်မခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၁ ဒသမ ၂ ဧကခန့်၊ ဟွေခါးကျေးရွာ၏ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာ၌ အမြင့် ၃ လက်မခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း သုည ဒသမ ၅ ဧကခန့်နှင့် နားဖားကိုကျေးရွာ၏ အရှေ့တောင်ဘက် ၄ ဖာလုံခန့်အကွာ၌ အမြင့် ၁၀ လက်မခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၃ ဧကခန့်တို့အား သက်ဆိုင်ရာရဲတပ်ဖွဲ့များက ဖျက်ဆီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 

ရဲပြန်ကြား