နေပြည်တော်  ၃၀  ဒီဇင်ဘာ

 

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၉ ရက်တွင် ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကြီးကျေးရွာ၏ အနောက်တောင်ဘက် မိုင်ခန့်အကွာ၌ အမြင့် ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၂ ဧကခန့်အား ဖျက်ဆီးခဲ့သည်။

 

အလားတူ ပင်လောင်းမြို့နယ်၊ ကပ္ပိဒိန်ကျေးရွာ၏ အနောက်မြောက်ဘက် မိုင်ခန့် အကွာ၌ အမြင့် ပေခန့်  သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ဧကခန့်၊ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ တာကြားဟော့ကျေးရွာအနီး၌ အမြင့် လက်မမှ ပေခွဲခန့်ထိ ဖွံ့ဖြိုးဆဲ ဘိန်းစိုက်ခင်း ၃၁ ဧကခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ နန်းယွန်းမြို့နယ်၊ လခြမ်းကျေးရွာ၏တောင်ဘက် မိုင်ခန့်အကွာ၌ အမြင့် လက်မခန့် ဖွံ့ဖြိုးဆဲ ဘိန်းစိုက်ခင်း ဧကခန့်တို့အား သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့များမှ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

(ရဲပြန်ကြား)