ဟိုပုံး  ၂၉  မတ် 

 

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

ဟိုပုံးမြို့ မဟာသင်္ကြန်ပွဲတော်တွင် မြို့ပေါ်(၆)ရပ်ကွက်၊ လွယ်အွန့်၊ ပေါင်လင်းနှင် လုံခုတ်ကျေးရွာအုပ်စုများနှင့် ဌာနဆိုင်ရာများမှ ယိမ်းအဖွုဲ့ ၂၃ ဖွဲ့၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ၊ အမှတ်(၉၀၃) အင်ဂျင်နီယာတပ်ရင်းနှင့် ယဉ်ကျေးမှုအဖွဲ့များမှ လည်း ရိုးရာအကများဖြင့် ဧည့်ခံဖျော်ဖြေမည်ဖြစ်ကြောင်း မတ် ၂၂ ရက်က ပြုလုပ်သည့် သင်္ကြန်ပွဲတော်ကျင်းပရေး ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

 

ဟိုပုံးမြို့နယ်တွင် ယခင်က ရေကစားမဏ္ဍပ်များသာ ထားရှိကာ မဟာသင်္ကြန်ပွဲတော်ကို ဆင်နွဲခဲ့ကြပြီး သင်္ကြန်ချိန်ခါသာမယတွင် ဘုရားဖူးဧည့်သည်များ စည်ကားလျက်ရှိရာ ယခုနှစ်တွင် ဗဟိုမဏ္ဍပ်တည်ဆောက်ကာ ယိမ်းအကနှင့် ရိုးရာအကပဒေသာများကို ခံစားနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ကော်မတီအတွင်းရေးမှူးထံမှ သိရသည်။

 

ထို့နောက် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြို့ပေါ်(၆)ရပ်ကွက်မှ အသက်(၈၀)နှစ်အထက် သက်ကြီး ဘိုးဘွားများ ပူဇော်ပွဲကို  ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထက်ထက်(ဟိုပုံး)

 

2