ဟိုပုံး ဩဂုတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပင်ဟဲကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ လယ်ယာဧကများမှ ထွက်ရှိသည့် စိုက်ပျိုးသီးနှံများ ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများဖောက်လုပ်နေမှု အခြေအနေများကို ဩဂုတ် ၁၁ ရက်နံနက်ပိုင်းတွင် တာဝန်ရှိသူများက အဆိုပါကျေးရွာ၌ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အင်ဂျင်နီယာ ဝန်ထမ်းများသည် ပင်ဟဲကျေးရွာရှိ အရှည် ၁မိုင်၊ အကျယ် ၁၂ပေ၊ မြေသား ၂ပေ၊ သဲဗြုန်းထု ၉လက်မရှိ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းနှင့် ၎င်းလမ်းပေါ်ရှိ ကုန်ထုတ် တံတား(၂)စင်း တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တင်ဒါအောင်မြင်သော ကုမ္ပဏီမှတာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချီန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားခဲ့သည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း၊ တံတား ဖောက်လုပ်ခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်(၇၇ ဒသမ ၇၇၃)သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် တင်ဒါအောင်မြင်သော ဂျွန်ကျောက်မြေကုမ္ပဏီက ယခုနှစ် ဩဂုတ်လ ပထမအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သော်ဇင်ထူး


