ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများအား လှိုက်လှဲစွာကြိုဆို

ဟိုပုံး ဧပြီ ၁

 

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများအား လှိုက်လှဲစွာကြိုဆိုပွဲကို မတ် ၃၁ ရက် ညနေပိုင်းက တပ်မတော် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းတွင် ပြုလုပ်ခဲ့သည်။

 

ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများအား ကြိုဆိုရာတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟိုပုံးတပ်နယ်မှ မိသားစုဝင်များက ရန်ကုန်တိုင်းဒေသကြီးမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁) သင်တန်းတက်ရောက်မည့် သင်တန်းသားများအား ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် တွေ့ဆုံပွဲကို ဘုရင့်နောင် အားကစားခန်းမတွင် ဆက်လက်ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးတို့က  ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁) သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁) သင်တန်းသားများအတွက် ထောက်ပံ့ငွေကျပ် သိန်း ၅၀ ကို ပေးအပ်ရာ တပ်မတော် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။

 

ပအိုဝ်း(ပြန်/ဆက်)