နေပြည်တော် ၇ ဇန်နဝါရီ 

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၆ ရက်တွင် ငိုချီးကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၆ လက်မခန့် ဖွံ့ဖြိုးဆဲ ဘိန်းစိုက်ခင်း ၁၁ ဧက ခန့်အား ဖျက်ဆီးခဲ့သည်။

 

cc1

 

အလားတူ ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘန့်ခူးကျေးရွာ၏ အရှေ့မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၁ လက်မခန့် ဖွံ့ဖြိုးဆဲဘိန်းစိုက်ခင်း ၃၅ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရဲပြန်ကြား