နေပြည်တော် ၂၃ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ ဒုံမောက္ကလန်ကျေးရွာ၏ အရှေ့တောင်ဘက် ၃မိုင်ခန့် အကွာတွင် ဒီဇင်ဘာ ၂၂ ရက်က ဟိုပုံးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အမြင့် ၆လက်မခန့်ရှိ ဖွံ့ဖြိုးဆဲ ဘိန်းခင်း ၆ ဧကခန့်အား ဖျက်ဆီး ဆောင်ရွက်ခဲ့သည်။

 

အလားတူ ဆီဆိုင်မြို့နယ် လွယ်ဆောင်ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခွဲခန့် အကွာတွင် ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးသီဟန် ဦးစီးသော ပူးပေါင်းအဖွဲ့က အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းဧက ၂၀ ခန့်အား ဖျက်ဆီးဆောင်ရွက်ခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN