ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် ပတ်သက်၍ ''နိုင်ငံစီးပွားခရီးသွားဖြင့် ကြိုးပမ်းတိုးမြှင့် ကမ္ဘာအဆင့်'' ခေါင်းစဉ်ဖြင့် စီးပွားရေးစကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ရှင်မင်း

ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် ပတ်သက်၍ ''နိုင်ငံစီးပွားခရီးသွားဖြင့် ကြိုးပမ်းတိုးမြှင့်ကမ္ဘာအဆင့်'' ခေါင်းစဉ်ဖြင့် စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့ရာ အဆိုပါစကားဝိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒေါ်ခင်သန်းဝင်း (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန)၊ ဒေါ်မေမြတ်မွန်ဝင်း (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်း)၊ ဦးခင်ဇော် (အကြံပေး၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်)၊ ဦးသက်လွင်တိုး (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း)နှင့် ဦးအောင်မျိုးမင်းဒင် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း) တို့က ပါဝင်ဆွေးနွေးကြသည်။

အဆိုပါ စကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ဆက်လက်ဖော်ပြအပ်ပါသည်။

အစီအစဉ်မှူး ။ ။ ဒုတိယပိုင်းမှာ ပြည်ထောင်စုဝန်ကြီးရဲ့ အဖွင့်စကားနဲ့အတူ စီးပွားရေးစကားဝိုင်း အစီအစဉ်ကို စတင်ဖွင့်လှစ်ပေးပါဦး။

ပြည်ထောင်စုဝန်ကြီး ။ ။ ကျွန်တော်တို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ ခရီးသွားလာရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ဗဟိုကော်မတီ အစည်းအဝေးသုံးကြိမ် ခေါ်ပြီးပါပြီ။ အဲဒီလို သုံးကြိမ်ခေါ်တဲ့ အခါမှာလည်း လတ်တလော ခရီးသွားလုပ်ငန်းမှာ ကြုံတွေ့နေရတဲ့ ပြဿနာ၊ အခက်အခဲတွေ၊ ဆောင်ရွက်သင့်တာတွေ ဝိုင်းဝန်းပြီး လုပ်ဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကိုပါ ဖိတ်ပြီးတော့ ပုဂ္ဂလိက ခရီးသွားလုပ်ငန်း အဖွဲ့အစည်းတွေ ပါဝင်ညှိနှိုင်းဖော်ဆောင်ကြပြီး ဘာတွေ ဆက်လုပ်ကြရမလဲဆိုတာ စီစဉ်ချမှတ်ထားတာရှိပါတယ်။ အဲဒီလို ချမှတ်ထားတာနဲ့ ပတ်သက်လို့ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ ဦးသက်လွင်တိုးကနေပြီး မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဘာတွေစီစဉ်ထားတယ်၊ ဘာတွေလုပ်ဆောင်သွားမယ် ဘယ်လိုစိတ်ကူးထားတယ်ဆိုတာ ပြောပြပါ။

ဦးသက်လွင်တိုး ။ ။ ကျွန်တော်တို့ Tour Operator တွေနဲ့ ဖွဲ့စည်းထားတဲ့ ခရီးသွားလုပ်ငန်းရှင်များအသင်း ကတော့ ကိုယ့်ဆီကို ဧည့်သည်တွေလာတဲ့အခါမှာ ဈေးကွက်အလိုက် Value Service ဖြစ်အောင် အဓိက လုပ်ပေးရပါတယ်။ တန်ရာတန်ကြေး Service ပေးနိုင်အောင် ဟိုတယ်အသင်းနဲ့ စားသောက်ဆိုင် လုပ်ငန်းရှင်တွေကလည်း သူတို့ကဏ္ဍအလိုက် Service Provider အပိုင်းက ပြင်ဆင်ထားရသလို အခုလည်း ကျွန်တော်တို့ Promotion လုပ်တဲ့အခါမှာ တစ်ဖက်က ဒေါ်မေမြတ်မွန်ဝင်းတို့အသင်းက ကမ္ဘာတစ်ဝန်းမှာ သွားပြီး ဈေးကွက်ရှာသလို ကျွန်တော်တို့တွေလည်း နှစ်ပေါင်း (၂ဝ) ၊(၂၅) မက ရှေ့ပိုင်းမှာ ကိ်ုယ့်ကုမ္ပဏီ လူသိဖို့ထက် မြန်မာနိုင်ငံကို သိအောင်လုပ်ခဲ့ရပါတယ်။ သိလာလို့ လာတဲ့လူတွေကို ကျွန်တော်တို့ Service ပေးရတယ်။

ဈေးကွက်တွေက ဒီနေ့ကမ္ဘာမှာ ပြောင်းလဲလာပါပြီ။ အရင်လို Package Tour တွေချည်းပဲ Tour ကုမ္ပဏီတွေနဲ့ မှီပြီးလာတာမဟုတ်တော့ဘဲနဲ့ B to C တိုက်ရိုက်ဝင်လာကြတယ်။ ဟိုတယ်တွေလည်း တိုက်ရိုက် booking နဲ့ဝင်လာကြ တယ်ဆိုတော့ ဒါက ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုပါ။ အခုချိန်မှာ ဘယ်လိုပဲလာလာ၊ စဉ်ဆက်မပြတ် ဧည့်သည်တွေလာဖို့၊ ပိုမို သိဖို့လုပ်ရမှာက Tourism Industryမှာရှိတဲ့ ှStakeholder တွေ အားလုံးရဲ့ တာဝန်ပါ။ အစိုးရတစ်ခုတည်း အားထားလို့မရ ဘူး။ ပူးပေါင်းရမယ်။ ဒါကြောင့်မို့ ဒီကဏ္ဍမှာ Look East Policy ကို ဝန်ကြီးဌာနကနေ လက်ရှိကျင့်သုံးနေတဲ့ အခြေအနေလေးကို ဒေါ်ခင်သန်းဝင်းအနေနဲ့ ပြောပြဆွေးနွေး ပေးစေ ချင်ပါတယ်။

ဒေါ်ခင်သန်းဝင်း ။ ။ ခရီးသည်တစ်ယောက်အတွက် နိုင်ငံတစ်နိုင်ငံက တစ်နိုင်ငံကိုသွားတဲ့ အခါမှာ Visa ရယူဖို့အတွက် အချိန်တွေ အများကြီးပေးရရင် အဲဒီနိုင်ငံကို မသွားချင်ကြတော့ဘူး။ ဒါကြောင့်မို့ ခရီးသွား လောကမှာVisa ကင်းလွတ်ခွင့်ပေးတယ်ဆိုတဲ့မူဝါဒကို တခြားနိုင်ငံတွေမှာ ကျင့်သုံးနေကြပြီ။ မြန်မာနိုင်ငံ အနေနဲ့လည်း Visa Free ပေးဖို့ ကျွန်မတို့ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်တဲ့၊ ဆက်စပ်တဲ့ ဝန်ကြီးဌာနတွေရဲ့ ဝန်ကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့၊ အကြိမ်ကြိမ် အစည်းအဝေးလုပ်ပြီးတဲ့အခါမှာ အာဆီယံရဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက ခရီးသည်တွေကို Visa Free ပေးပါ့မယ်။ ပြီးတော့ တရုတ်၊ ဟောင်ကောင်နဲ့ မကာအိုတို့က သာမန်နိုင်ငံကူး လက်မှတ် ကိုင်ထားတဲ့သူတွေကို Visa On Arrival ပေးပါ့မယ်ဆိုပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ကြေညာထားပြီး ဖြစ်ပါတယ်။

သို့သော်လည်း အဲဒီမှာ တချို့သောအချက်များက ညှိနှိုင်းရမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီထက်ပိုပြီး ပွင့်လင်း မြင်သာပြီး ဖြေလျှော့မှုရှိတဲ့ Regulation တစ်ခုကို ထပ်ထုတ်မယ်လို့ သိရပါတယ်။ ခုနက Policy တွေကိုတော့ အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ အခုချိန်မှာဆိုရင် တရုတ်နိုင်ငံကို Visa On Arrival မပေးသေးသော်လည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လာရောက်မှုက အခုဆိုရင် ဇန်နဝါရီကနေ ဇူလိုင်လအထိ ၃၄ ရာခိုင်နှုန်းအထိ မြင့်တက်နေပါတယ်။

တရုတ်နိုင်ငံသားတွေက သူတို့နိုင်ငံတွင်းမှာသာမက ကျွန်မတို့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့အခါမှာ စင်းလုံးငှား လေယာဉ်တွေနဲ့ လာကြတာရှိပါတယ်။ ဒါ့အပြင် Schedule Flight တွနဲ့ လာကြတာရှိပါတယ်။ ဒါကြောင့်မို့ တရုတ်ခရီးသွားတွေကိုVisa On Arrival ပေးပြီးတော့ ဂျပန်နဲ့ တောင်ကိုရီးယားကိုVisa Free ပေးခြင်းဟာ Look East Policy ဖြစ်တယ်။ အောက်တိုဘာလ ၁ ရက်မှာဆိုရင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ နေပြည်တော် လေဆိပ်တွေမှာ လာလည်တဲ့ ခရီးသွား ဧည့်သည်တွေကို အခမ်းအနားနဲ့ ကြိုဆိုဖို့အစီအစဉ်တွေလည်း လုပ်ထားပါတယ်။ အရှေ့ကိုမျှော်တဲ့ ပေါ်လစီကို ကျင့်သုံးပြီး တဲ့အခါမှာ အနောက်ဥရောပနိုင်ငံတွေကလည်း မြန်မာနိုင်ငံကို ပိုမိုလာရောက်ဖို့ Look West Policy ကို ကျင့်သုံးဖို့အတွက် ခရီးသွားလုပ်ငန်းရှင်များ အသင်းကနေ အကြံပြုလိုတယ်လို့ လည်းသိရပါတယ်။

ဦးသက်လွင်တိုး ။ ။ ကျွန်တော်တို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကလည်း ကော်မတီ (၆) ရပ်နဲ့ ကိုရီးယား၊ ဂျပန်၊ တရုတ် Tourism Development Committeeတွေရှိတယ်။ ဒေါ်မေမြတ်မွန်ဝင်းကလည်း နကမသစန နဲ့ ပတ်သက်ပြီး လုပ်နေပြီဆိုတော့ ဒါတွေဟာ တကယ် လည်း လိုအပ်ပါတယ်။ နှစ်ပေါင်း ၂ဝ၊ ၃ဝ လောက်က အနောက်နိုင်ငံတွေက အဓိက Value Tourists တွေနဲ့ မြန်မာနိုင်ငံဟာ လူသိထင်ရှားခဲ့တာပါ။ အခုချိန်မှာ စဉ်ဆက် မပြတ်လည်း ဆက်လုပ်ရမယ်။ လုပ်ရတဲ့အခါ အခုကာလတို တစ်ခုမှာတော့ စမ်းသပ်ကာလအဖြစ် Look East Policy မှာ နိုင်ငံသုံးနိုင်ငံကိုVisa ဖြေလျှော့တယ်။ အနောက်နိုင်ငံ တွေထဲမှာလည်း စာရင်းအရဆိုရင် (၁၂) နိုင်ငံထဲမှာ နံပါတ် (၁) က အမေရိက၊ ပြီးတော့ ပြင်သစ်၊ ဂျာမနီ၊ စပိန်နဲ့ အီတလီ တို့ရှိသလို နယူးဇီးလန်နဲ့ သြစတြေးလျ Groupက မနှစ်က စုစုပေါင်းခရီးသွား (၁ ဒသမ ၃) မီလီယံဝင်တဲ့အခါမှာ ၃၉ ရာခိုင်နှုန်းလောက်ရှိတယ်။ ဈေးကွက်ဝေစုအနေနဲ့ ဆက်တက်ဖို့ မျှော်လင့်ပေမယ့် အကြောင်းကြောင်းကြောင့် နှေးကွေးသွားတဲ့ အချိန်မှာ စဉ်ဆက်မပြတ် လုပ်ခဲ့တာထက် Visa တွေ ဖြေလျှော့ တဲ့ကိစ္စမှာ ဒီထဲက Arrival ပေါ် မူတည်ပြီး criteria တစ်ခုနဲ့ ဖြစ်သင့်တဲ့ နိုင်ငံတချို့ကို စမ်းသပ်ကာလတစ်ခုမှာ ပေးသင့်တယ်လို့ ဆွေးနွေးလိုပါတယ်။

ပြည်ထောင်စုဝန်ကြီး ။ ။ အဲဒီဟာက ကျွန်တော်ခုနကဆွေးနွေးခဲ့တဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့ အတွက် ဆောင်ရွက်တဲ့အဖွဲ့ ငါးဖွဲ့၊ အမှန်တကယ်က ပြည်တွင်းခရီးသွားအတွက် အဖွဲ့တစ်ဖွဲ့ ရှိပါတယ်။ အဲဒီဟာက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက်၊ ခရီးသွားလုပ်ငန်းဈေးကွက် မြှင့်တင်ရေးအတွက် အရေးကြီးပါတယ်။ ခုနက ဦးသက်လွင်တိုး ပြောသွားတဲ့ ရေခံတာ၊ ရေသွယ်၊ ရေရှာတာတို့ပါ၊ အခု ရေရှာတဲ့အပိုင်း ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအဖွဲ့က ဘာတွေလုပ်နေသလဲဆိုတာ ဒေါ်မေမြတ်မွန်ဝင်းက ပြည်သူတွေသိအောင် ပြောပြ ဆွေးနွေးပေးပါ။

ဒေါ်မေမြတ်မွန်ဝင်း ။ ။ ခုနက ဦးသက်လွင်တိုးက ရေကောင်း ရေသန့်များများရှာဖို့ ပြောထားပါတယ်။ ကျွန်မတို့ Traditional Marketing လည်း တစ်ဖက်က လုပ်နေသလို ကျွန်မတို့ ခေတ်နဲ့အညီ Digital Marketing ကိုလည်း Parallel ဆောင်ရွက်နေပါတယ်။ Traditional Marketingကတော့ B to Bဖြစ်တဲ့ Trade Showတွေ၊ Travel Show တွေ၊ Road show တွေ ဒီနှစ်ဆို ၁၉ ခုအတွက်ပေါ့၊ အဲဒီအတွက်ကို Plan လုပ်ပြီးတော့ Target ဈေးကွက်တွေကို သွားဖို့ စီစဉ်ထားပါတယ်။ စီစဉ်ထားသလို ပြီးခဲ့တဲ့ (၁ဝ) နှစ်နဲ့ (၁၅) နှစ်အတွင်းမှာ တစ်ကမ္ဘာလုံးက လူတွေရဲ့ Life Style က ပြောင်းလဲသွားတယ်။ အင်တာနက်နဲ့ နည်းပညာတွေရဲ့ ပြောင်းလဲ တိုးတက်မှုအရ ဈေးဝယ်တဲ့ Life Style တွေ၊ trans- တွေ၊ Daily lifeကအစ အားလုံး transform ဖြစ်သွားပြီး အားလုံးက Digital ပေါ်ကို ရောက်လာကြတာကို တွေ့ကြရမှာပါ။

အခုတောင်မှပဲ အားလုံးက မိုးလင်းလို့ အိပ်ရာကနိုးရင် အကုန်လုံးက နီးတဲ့ဖုန်းကိုဆွဲပြီးတော့ ကြည့်ကြတဲ့သူ၊ Facebook ု နဲ့ မျက်နှာသစ်တဲ့သူက ၉၅ ရာခိုင်နှုန်းလောက် ရှိမယ်လို့တော့ ကျွန်မထင်ပါတယ်။ Newsတွေအားလုံးက ဒီအပေါ်မှာ Update ရှိနေတာ ဆိုတော့ ကိုယ်အိပ်နေတဲ့အချိန်မှာ ဘာဖြစ်သွားလဲဆိုတာ သိချင်တော့ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေ၊ သတင်းတွေ၊Update အကုန်လုံးက ဒီ Onlineမှာ ရှိနေတယ်။ ကျွန်မတို့ရဲ့ customer တွေက online မှာရှိနေတဲ့အခါကျတော့၊ ကျွန်မတို့ရဲ့ ဒီဘက်က marketing effect တွေ အားလုံးဟာ Mobile ရဲ့ ဟိုဘက်မှာရှိတဲ့ Customer တွေနဲ့ အမြဲတမ်း ဆက်သွယ်နေရတဲ့ အတွက်ကြောင့် destination တွေ၊ tourism vote တွေ၊ အားလုံးဟာ တကယ့်ကို အပြိုင်အဆိုင်ပေါ့၊ သူတို့တွေရဲ့ marketing strategy ဆိုပြီးတော့ Digital Marketing ကို Digital ကို ထိပ်ဆုံးမှာ တင်ပါတယ်။ Digital လို့ ပြောတဲ့အခါမှာ technology နဲ့ technology plus story telling ပါ။ technology အပိုင်းကျတော့ သူတို့ရဲ့ နည်းပညာတွေရှိပါ တယ်။ သွားချင်တဲ့ Market ကို ဘယ်စနစ်တွေနဲ့ ဘယ်လိုမျိုး တွေနဲ့ သွားမယ်ဆိုတာ တကယ် Very technical ဖြစ်ပါတယ်။ နည်းပညာတွေ အသုံးပြုတယ်။ ဒါပေမယ့် သွားတဲ့အခါမှာ ဘာပြောမှာလဲ၊ ကျွန်မတို့ သွားချင်တဲ့ Market ကို ဘယ်လို Story တွေ ပေးမှာလဲဆိုတာ အရေးကြီးပါတယ်။ Content နဲ့ Story ဟာ အရေးကြီးပါတယ်။

အခုဆိုရင် ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်၊ ဦးဆောင်မှုနဲ့ ကျွန်မတို့ Digital Marketing Committee ဖွဲ့ထားပါတယ်။ တစ်လလောက်ပဲ ရှိပါသေးတယ်။ အဲဒီမှာ ကျွန်မတို့ Advisory Board ရယ် Think Tank ဆိုပြီး ရှိပါတယ်။ Think Tank က အရေးကြီးပါတယ်။ Think Tank က ကျွန်မတို့ Private ဘက်က IT ပညာရှင်တွေနဲ့ ကျွန်မတို့ Marketing ဘက်က Story Teller တွေ၊ Customer တွေကို စဉ်ဆက်မပြတ် ပုံပြင်ကောင်းတွေ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ ပုံပြင်တွေ ပြောနေမယ့် လူတွေနဲ့ပေါင်းပြီးတော့ ဖွဲ့ထားတဲ့ Think Tank တစ်ဖွဲ့ ရှိပါတယ်။

Digital Marketing Committee ကနေပြီးတော့ ကျွန်မတို့ ပြောချင်တဲ့ Message တွေကို တကယ်ပို့ချင်တဲ့ Channel တွေအများကြီးရှိတယ်။ vehicle တွေ အများကြီးရှိတယ်။ platform တွေက vehicle တွေဖြစ်ပါတယ်။ vehicle တွေ၊ trip advisor တို့၊ အခု တရုတ် Market ဆိုရင်လည်း BAT လို့ခေါ်တဲ့ platformတွေ၊ ဒီ platform ပေါင်းစုံကနေ ပိုဖို့ဆိုပြီးတော့ ကျွန်မတို့ စီစဉ်နေကြပါတယ်။

New Tourism Brand ဖြစ်တဲ့ စွဲမက်ဖွယ်ရာ ပြည်မြန်မာစပြီး launch လုပ်တဲ့အခါမှာလည်း တစ်ပြိုင်နက် Digital campaignကို စပြီး Run မှာ ဖြစ်ပါတယ်။ ဒီမှာ အရေးကြီးတာတွေက ဘာတွေလဲဆိုတော့ Story တွေကို ဘယ်လိုပြောမလဲပေါ့။

ပြည်ထောင်စုဝန်ကြီး ။ ။ အဲဒီလို Story ပြောတဲ့အခါမှာ တရုတ်ဆို တရုတ်လိုပြောမယ်။ ဂျပန်ဆို ဂျပန်လို ပြောမယ်။ ကိုရီးယားဆို ကိုရီးယားလို ပြောမယ် စသည်ဖြင့် နိုင်ငံအလိုက်၊ သူတို့ ဘာသာစကာနဲ့ Story Telling ကို လုပ်မယ်။ အဲဒီလို Story Telling ကလည်း မြန်မာနိုင်ငံကိုလာရင် ဘာတွေသိရှိခံစားရမယ်ဆိုတဲ့ Story ကို ဘာသာရပ်အလိုက် ပြောဖို့တော့ လိုပါတယ်။

ဒေါ်မေမြတ်မွန်ဝင်း ။ ။ ဟုတ်ပါတယ်ရှင့်၊ တရုတ်ဆို တရုတ်လို သူတို့ရဲ့ xpatriation ပေါ့၊ ဂျပန်ဆိုလည်း ဂျပန်လို၊ အဲဒီမှာလည်း Japan marketကို target ထားတာမှာ ဂျပန်လူမျိုးတွေရဲ့ expatriation နဲ့ သူတို့တွေရဲ့ need ပေါ့၊ အဲဒါတွေက နည်းနည်းလေးတော့ ကွဲနေတယ်။ ကျွန်မတို့ target ထားတဲ့ Customer group တွေကို မူတည် ပြီးတော့လည်း ပေးချင်တဲ့ အကြောင်းအရာကလည်း နည်းနည်း ပြောင်းလဲသွားနိုင်ပါတယ်။ အရေးကြီးတာက Video တွေပါ၊ generalize ဖြစ်တဲ့ Video ရော၊ နောက်တစ်ခါ တကယ် သေသေချာချာ target group ကို specific ရိုက်ထားတဲ့ Video တွေလည်း အရေးကြီးပါတယ်။

အခုနောက်ပိုင်းကျတော့ 360 ဓာတ်ပုံတွေ၊ virtual Tour တွေ၊ အဲဒါတွေလည်း အရေးကြီးပါတယ်။ ဒါတွေကို ကျွန်မတို့ instagram ၊ facebook ၊ Twitter ၊ Youtube တွေမှာ အမြဲတမ်းရှိနေဖို့ပေါ့။ ဒီaffect က တစ်ခါတည်း လုပ်လို့ မရဘူး။ အဲဒါကြောင့် ကျွန်မတို့က စဉ်ဆက်မပြတ် Update လုပ်နေရမှာ၊ ပြောတဲ့အခါမှာလည်း ရိုးမသွားအောင်၊ တစ်ခါလာ လည်းဒီအကြောင်း၊ နောက်တစ်ခါလာလည်း ဒီအကြောင်း မဟုတ်အောင် ကျွန်မတို့က ဆွဲဆောင်ရမှာပါ။ မြန်မာပြည်မှာ festival တွေ အများကြီးရှိတော့ festival ပြောလို့ရပါတယ်။

ပြီးတော့ ခုနက ပြည်ထောင်စုဝန်ကြီး ပြောသွားတဲ့ နှင်းဖုံးတောင်တန်းတွေ၊ ပြီးတော့ Adventure ခရီးသွားတွေအတွက်ဆို Hiking ၊ Trekking ၊ Cycling တွေ ဒါမျိုးတွေကို စဉ်ဆက် မပြတ် သတင်းအချက် အလက်ပေးသွားဖို့ စီစဉ်နေပါတယ်။ နောက်တစ်ခါ Mobile App တွေ၊ ဒါတွေကလည်း အရေးကြီး လာတဲ့ အချိန်ဖြစ်လာတဲ့အတွက်ကြောင့် ပြိုင်ရတဲ့အခါမှာ ကိုယ့် Competition ဟာ တခြား Destinationတွေ ဖြစ်ပါတယ်။ တခြား Destinationတွေကလည်း အားနဲ့ ခွန်နဲ့ လုပ်နေသလို ကျွန်မတို့ကလည်း လုပ်မှဖြစ်မှာပါ။ ဒါကြောင့်မို့ Digital Committeeဖွဲ့ပြီးတော့ Digital Platform ကနေ တစ်ဆင့် စပြီးတော့ ကျွန်မတို့ လုပ်ဖို့ရှိပါတယ်။

ပြည်ထောင်စုဝန်ကြီး ။ ။ ဒီနေရာမှာ တစ်ခုက sport tourism udk introduce လုပ်ဖို့ပါ။ အထူးသဖြင့် မြန်မာနိုင်ငံမှာဆို golf ကွင်းကောင်းတွေရှိတာပဲ။ ဂေါက်ကွင်းအကြောင်းနဲ့ ပတ်သက်ရင် ဦးအောင်မျိုးမင်းဒင်က ပိုပြောပြနိုင်မယ် ထင်တယ်။

ဦးအောင်မျိုးမင်းဒင် ။ ။ ကျွန်တော်တို့ အောက်တိုဘာလထဲမှာ မြင်းခြံနားမှာ ဂေါက်ကွင်းတစ်ခုဖွင့် ပါမယ်။ အဲဒီဂေါက်ကွင်းက အရီဇိုးနားက ကွင်းလိုပဲ အရှေ့တောင်အာရှမှာ အဆင့်မီတဲ့ ကွင်းတစ်ကွင်းကို မကြာမီ ဖွင့်ပါတော့မယ်။ အံ့သြဖို့ ကောင်းပါတယ်။ အဲဒီကွင်းမှာ မြက်ရဲ့ ရေရရှိမှုကြောင့်လားတော့ မသိဘူး၊ အေးနေတာပဲ။ ကျွန်တော်လည်း ဖိတ်တော့ သွားရိုက်ဖူးတယ်။ အာဆီယံမှာလည်း ဂေါက်သွားရိုက်ဖူးတယ်။ ဒီလောက် ကျွန်တော်တို့ မပျော်ဘူး။ တော်တော်ကို ကျွန်တော်တို့အတွက်Challenge ဖြစ်တယ်။ Competition တွေအတွက်ဆို မြန်မာနိုင်ငံက တကယ်ကို နိုင်ငံတကာအဆင့်မီတာတွေ ရှိပါတယ်။ မန္တလေးမှာဆိုလည်း မန္တလေးတောင်ခြေဂေါက်ကွင်းက နိုင်ငံတကာ အဆင့်မီတယ်။ ညတောင်ရိုက်လို့ရတယ်။ ရန်ကုန်မှာလည်း ညရိုက်ဂေါက်ကွင်း ရှိတယ်။ အဲဒီအပြင် ပုဂံဂေါက်ကွင်းလိုမျိုးဆိုရင် ဂေါက်ရိုက်နေရင်းနဲ Temple တွေကို လှမ်းပြီး မြင်နေရတဲ့ View Point လေးတွေ ရှိနေတယ်။ ဒါတွေအကုန်လုံးက နိုင်ငံတကာမှာ ယှဉ်လို့ရပါတယ်။ 

နောက်တစ်ခုကတော့ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းကနေ Myanmar golf federation နဲ့ ညှိထား တာ တစ်ခုရှိပါတယ်။ အဲဒီမှာလည်း ကျွန်တော်က CEC ရွေးကောက်ပွဲပြီးတဲ့အခါမှာ CEC အနေနဲ့ ပြန်အရွေးခံရတယ်။ အဲဒီမှာလည်း ကျွန်တော်တို့ ညှိနှိုင်းထားတာရှိတယ်။ အာဆီယံ မှာ golf handicapလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ကျွန်တော်တို့က traveller တွေကိုပဲ Target ထားတာမဟုတ်ဘူး။ ကျွန်တော် တို့နိုင်ငံကို ကျွန်တော်တို့က တန်ဖိုးထား အလေးထားတယ်ဆိုတာ ပြချင်တာလည်း ပါပါတယ်။

ဂျပန်ရော၊ ကိုရီးယားရော golf crazy ပါ။ မြင်းခြံနားမှာဖွင့်မယ့် မြို့သာ မြို့သစ်စီမံကိန်းမှာလည်း Golf Academic ပါပါတယ်။Academic ကလည်း တကယ့်ကို dk International level ပေါ့။ လာမယ့် trainer တွေကလည်း foreigner တွေ ဖြစ်ပါတယ်။ သေချာကို လုပ်ထားပါတယ်။ ဒီ Academic ကလည်း ဂျပန်၊ ကိုရီးယားအတွက် အထောက်အကူဖြစ်လာမှာ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)