ဟင်းနုနွယ်ရွက်နှင့်ကြက်သားအရည်သောက်

ပါဝင်ပစ္စည်းများ (၂ဦးစာ)

 

ကြက်သား ရင်ပုံသား  ၆၀ ဂရမ်

 

ဟင်းနုနွယ်ရွက်   တစ်စည်းရဲ့တစ်ဝက်

 

ရေ      ၂ ခွက်

 

ဆား     စားပွဲဇွန်း တစ်ဝက်

 

ကြက်သားမှုန့်  စားပွဲဇွန်း  ၁ဇွန်း

 

ပြုလုပ်ပုံ

 

၁။ အိုးတစ်လုံးထဲမှာ ရေ၊ဆား နဲ့ ကြက်သားမှုန့်တို့ကို ထည့်ပြီး  မီးဖိုပေါ်မှာ တည်ထားပါ။

 

၂။ ကြက်သား ရင်ပုံသားအမြှောင်းလေးကို ပုံပါအတိုင်း အပိုင်းသေးသေးလေးတွေ ကန့်လန့်ဖြတ်လှီးပါ။

 

၃။ဟင်းနုနွယ် အရွက်ကို  ခပ်ပါးပါးလှီးပါ။

 

၄။ ဟင်းရည်ဆူပွက်လာသည့်အခါ မီးအပူချိန်ကို လျှော့ချပြီး ကြက်သားထည့်ပါ။ ကြက်သားရဲ့အရောင် ဖြူဖွေးသွားတဲ့အခါ  ဟင်းနုနွယ်ရွက်တွေထည့်ပါ။ ဟင်းရည်အနည်းငယ်ဆူပွက်လာတဲ့အခါ မီးဖိုပေါ်မှချပြီး သုံးဆောင်နိုင်ပါပြီ။

 

ကိုးကား- NHK