ဟင်္သာတ ၂၄ ဖေဖော်ဝါရီ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ လက်သမားရပ်ကွက် ဦးအောင်လှလမ်းတွင် ယနေ့ည ၈ နာရီ မိနစ် ၄၀ ခန့်က လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဒေါ်ညိုညိုပိုင်ဆိုင်သည့် နှစ်ထပ်အိမ် အပေါ်ထပ် အိပ်ခန်းအတွင်းမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်နေပြည်သူများ၊ ခရိုင်နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ ပရဟိတ အဖွဲ့များ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် မိနစ် ၂၀ ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိ ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားသည့်နေအိမ်တွင် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ကျော်ကျော်၊ဇော်ဝင်းဟန်(ခရိုင်ပြန်/ဆက်)

 

IMG-3dbcddc1a5ba6c33c7cc40004a31fbb6-V~1

 

IMG-a52b5bf40ab5e659149f33e6310f98f2-V~1

 

IMG-7e4af74311778bea6bf1d81ddbc5e5cd-V~1