ဟင်္သာတ ဩဂုတ် ၁၁
ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ်၌ ၂၀၂၅ ခုနှစ် အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် (ဒုတိယပတ်) လှုပ်ရှားမှုအဖြစ် ယနေ့နံနက်ပိုင်းက ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမနှင့် အခြေခံ ပညာကျောင်းများ၌ ကျင်းပသည်။
ဆောင်ရွက်ပေး
ဦးစွာ ငါးနှစ်အောက်ကလေး များအား စာရင်းရေးသွင်းခြင်းနှင့် သက်ဆိုင်ရာအလိုက် တာဝန်ရှိသူ များက လက်မောင်းလုံးပတ် တိုင်းတာခြင်းတို့ ဆောင်ရွက်ကြ ပြီး လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက် ပေးကြသည်။
အခမ်းအနားတွင် ဟင်္သာတ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သက်သက်ဦးက အမှာစကား ပြောကြားပြီး ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက် လင်းအောင်က ဗီတာမင်အေ ချို့တဲ့ရောဂါနှင့် သန်ကောင်ရောဂါ အကြောင်း သိကောင်းစရာများကို ရှင်းလင်း ဟောပြောသည်။ ထို့နောက် ခရိုင်မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း မျာက ငါးနှစ်အောက်ကလေးများ အား ဗီတာမင်အေနှင့် သန်ချဆေး များ တိုက်ကျွေးခြင်းနှင့် အမှတ် တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ကြ သည်။ ထို့နောက် ဟင်္သာတမြို့ အမှတ်(၅) အခြေခံပညာအထက် တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း တို့တွင် KG ကျောင်းသား ကျောင်းသူ များအတွက် ကျောင်းတွင်း အာဟာရ ချက်ပြုတ်ပြင်ဆင်ထားရှိမှုများနှင့် ကလေးငယ်များ အား စနစ်တကျကျွေးမွေးဆောင် ရွက်နေမှုတို့ကို လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


