ဟင်္သာတ အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ တာငါးဆယ်တောင်ရပ်ကွက် ရွှေစေတီလမ်းရှိ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး နည်းပညာပေးဆွေးနွေးပွဲပြုလုပ်သည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ သက်ဆိုင်ရာ ဘာသာရပ် ဆိုင်ရာ ပညာရှင်များက ပိုးသတ်ဆေးသုံးစွဲရာတွင် စနစ်တကျသုံးစွဲရေးနှင့် ဘက်စုံသီးနှံကာကွယ်ရေး နည်းစနစ်များအား ကျင့်သုံးဆောင်ရွက်နိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မျိုးကောင်းမျိုးသန့်များ အသုံးပြုရေး၊ မြေဆီလွှာအာဟာရဓာတ်များ ဖြည့်သွင်းပေးရေး၊ သဘာဝ မြေဩဇာနှင့် သစ်စိမ်းမြေဩဇာများထည့်သွင်းအသုံးပြုရေး၊ ဓာတ်မြေဩဇာ စနစ်တကျ အချိန်ကိုက် အချိုးကျသုံးစွဲရေးအကြောင်းများကို ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


