ဟန်ကျိုး အာရှမသန်စွမ်းအားကစားပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားကျင်းပ

ဟန်ကျိုး    အောက်တိုဘာ   ၂၂

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှီကျန်းပြည်နယ် ဟန်ကျိုး မြို့၌   ၂၀၂၃   ခုနှစ်   စတုတ္ထအကြိမ်မြောက် အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၂ ရက် ညနေပိုင်းက ကျင်းပသည်။

ယခုအကြိမ်ကျင်းပသည့် အာရှမသန်စွမ်းအားကစားပြိုင်ပွဲသည်   တရုတ်နိုင်ငံက   အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဒုတိယအကြိမ်မြောက် ပြိုင်ပွဲ ဖြစ်ပြီး ပထမအကြိမ် အိမ်ရှင်အဖြစ် ၂၀၁၀ ပြည့်နှစ် တွင် ကွမ်ကျိုးမြို့၌ လက်ခံကျင်းပခဲ့သည်။ စတုတ္ထအကြိမ်မြောက်  အာရှမသန်စွမ်း  အားကစားပြိုင်ပွဲ တွင် အားကစားနည်း   ၂၂  မျိုးကို  ပွဲစဉ်ပေါင်း   ၅၆၄ ပွဲ     ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။    တရုတ်နိုင်ငံ က အားကစားနည်း ၂၂ မျိုးလုံးတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲတွင် နိုင်ငံနှင့် ဒေသပေါင်း  ၄၄  ခုမှ အားကစားသမား ၃၁၀၀ နီးပါး ပါဝင်မည်ဖြစ်ပြီး ၎င်းတို့အနက်     ဘီးတပ်ကုလားထိုင်     အသုံးပြုသူ ၁၁၀၀ ခန့်နှင့် အမြင်အာရုံချို့တဲ့သည့် အားကစား သမား   ၆၀၀   ခန့်  ပါဝင်မည်ဖြစ်သည်။   ထို့အပြင် အားကစားပွဲများတွင်    နည်းပညာဆိုင်ရာ    အရာရှိ ၁၅၅၀ ကျော်နှင့် မီဒီယာလုပ်သား ၃၀၉၀ ကျော်တို့ ပါဝင်မည်ဖြစ်ကာ  ပြိုင်ပွဲဝင်အရေအတွက်   အများ ဆုံးပြိုင်ပွဲတစ်ခုဖြစ်သည်။ အောက်တိုဘာ  ၂၁  ရက် အထိ အဆိုပါပြိုင်ပွဲအတွက် လက်မှတ်ပေါင်း ၃၂၆၀၀၀ ကို ရောင်းချခဲ့မှုမှ ဝင်ငွေ ယွမ် ၇ ဒသမ ၄၇၆ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၂၂ သန်း) ရရှိခဲ့သည်။

ဆင်ဟွာ