၁၈ ဖေဖော်ဝါရီ
အမေရိကန်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေမှာ အခြေစိုက်တဲ့ HSBC ဘဏ်ရဲ့ဝန်ထမ်း ၃၅၀ဝ၀ ဦး ကို အလုပ်လျှော့ချဖို့ ရှိနေကြောင်း ဒီနေ့(အင်္ဂါနေ့) မှာ ကြေညာလိုက်ပါတယ်။ ၂၀၁၉ခုနှစ်ရဲ့ အခွန်မဆောင်ခင် အမြတ်ရဲ့ ၃၃ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ကြေညာပြီးနောက် အခုလို လုပ်အား လျှော့ချဖို့ ဖြစ်လာတာဖြစ်ပါတယ်။
HSBC အလုပ်သမားဦးရေ ၂၃၅,ဝ၀ဝ ဦး ရှိနေရာကနေ ၂၀ဝ,ဝ၀ဝ ဦး အထိလျှော့ချဖို့ ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။ အခုလျော့ချမယ့် အလုပ်သမားဦးရေဟာ သုံးနှစ်အတွင်း ၂၀၂၂ ခုနှစ်အရောက်မှာ လျှော့ချဖို့ ဖြစ်ပြီး အဲဒီကနေ အမေရိကန် ဒေါ်လာ ၄.၅ ဘီလီယံ ချွေတာနိုင်ရန်ဖြစ်ပါတယ်။
HSBC ဘဏ်ဟာ အနောက်အမေရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်း နဲ့ အာရှနိုင်ငံတွေမှာအခြေစိုက်ပြီး နိုင်ငံပေါင်း ၅၀ ကျော်မှာ ဘဏ်လုပ်ငန်းတွေတည်ရှိနေပါတယ်။
HSBC ဘဏ်ဟာ ကိုဗစ် 19 ဗိုင်းရပ်စ်ပိုး နဲ့ ဥရောပသမဂ္ဂကနေ ဗြိတိန်ထွက်ခွာမှု တွေကြောင့် ကမ္ဘာတစ်ဝန်းမှာ ရင်းနှီးမြှပ်နှံမှု နည်းပါးမှု ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အာရှမှာ အခြေစိုက်တဲ့ ဘဏ်လုပ်ငန်းတွေက ပြီးခဲ့တဲ့နှစ်က အခွန်မဆောင်ခင် အမြတ်ရဲ့ ၆ ရာခိုင်နှုန်းအထိ တက်လာတယ်လို့ သိရပါတယ်။
MDN
ကိုးကား - AFP


