ဟုမ္မလင်း စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကမ်းပါးပြိုကျသဖြင့် ဒဏ်ရာရသူနှစ်ဦးနှင့် သေဆုံးသူ လေးဦးတို့အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို စက်တင်ဘာ ၂၃ ရက်နံနက် ၁၁ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌရုံးခန်း၌ ကျင်းပသည်။
ဟုမ္မလင်းမြို့တွင် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက ဟူနောင်ကျေးရွာမှ တောင်သူခြောက်ဦး တို့သည် နမ့်ပငချောင်းဖျားသို့ ဝါးခုတ်သွားရာ မိုးသည်းထန်ပြီး ကမ်းပါးပြိုကျသဖြင့် နှစ်ဦးဒဏ်ရာ ရရှိကာ လေးဦးသေးဆုံးခဲ့သည်။ ဒဏ်ရာရရှိသူနှစ်ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှင့် သေဆုံးသူလေးဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀၀ ဖြင့် စုစုပေါင်း ငွေကျပ် ၁၃၀၀၀၀၀ ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းထွန်းနိုင်တို့က မိသားစုဝင်များလက်ဝယ်သို့ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


