ဟုမ္မလင်း စက်တင်ဘာ ၃

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး ဖွင့်လှစ်ခဲ့သည့် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၅) ဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဧဆက်က မိမိတို့စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာပေဝါသနာရှင်များ အလွယ်တကူ စာပေဖတ်ရှုနိုင်ရေး ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း သင်တန်းဆင်း အမှာစကား ပြောကြားသည်။

 

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိက သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ပြီး အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းယဉ်က သင်တန်းနည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်၍ သင်တန်းသား တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

 

အဆိုပါ အခြေခံစာကြည့်တိုက်ပညာသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၂၃ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ငါးရက်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)