INCREDIBLES 2 ရုပ်ရှင်ဇာတ်ကား အဖွင့်သတင်းပတ်မှာတင် ဝင်ငွေ သန်း ၁၈၀ ရရှိ

၁၉ ဇွန်

Incredibles 2 ရုပ်ရှင်ဇာတ်ကားဟာ အဖွင့်သတင်းပတ်မှာတင် ခန့်မှန်းဝင်ငွေ သန်း ၁၈၀ ရရှိခဲ့ပါတယ်။ ဒါဟာ အန်နီမေးရှင်း ရုပ်ရှင်တွေရုံတင်ပြသတဲ့အခါ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာပါတယ်။ ၂၀၁၆ ခုနှစ်က Finding Dory ဆိုတဲ့ ဇာတ်ကားကို ရဲ့ငွေဝင်ကိုကျော်တက်သွားပါတယ်။ Finding Dory ဇာတ်ကားဟာ၁၃၅ သန်းဝင်ငွေရရှိခဲ့တာဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ Beauty and the Beast ဇာတ်ကားလည်း အဖွင့်သတင်းပတ်မှာ ၁၇၄သန်းသာ ရရှိခဲ့တဲ့အတွက် Incredibles 2 ဟာ ဒီဇာတ်ကားတွေအားလုံးရဲ့ဝင်ငွေကို ကျော်တက်သွားတာပဲဖြစ်တယ်။ အပြည်ပြည်ဆိုင်ရာဈေးကွက်မှာ ၂၆ ရာခိုင်နှုန်းပြသပြီးချိန် ၅၁.၅ သန်းဝင်ငွေရရှိခဲ့တဲ့တွက် တစ်ကမ္ဘာလုံး အနှံဆိုရင် ၂၃၁.၅ သန်းရရှိမှာဖြစ်တယ်။ 

The Incredible ရုပ်ရှင်ကိုတော့ ၂၀ဝ၄ ခုနှစ်က ရုံတင်ခဲ့တာဖြစ်ပြီး ဝေဖန်ရေးသမားတွေနဲ့ ပရိသတ်တွေကို နှစ်ခြိုက်စေခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ပထမဇာတ်ကားထွက်ရှိပြီး ၁၄ နှစ်အကြာမှ Incredible 2 ထွက်ရှိခဲ့တာဖြစ်တယ်။ ၂၀၁၈ ခုနှစ်အတွင်းရုံတင်ခဲ့တဲ့ဇာတ်ကားတွေထဲမှာ Black Panther ကဝင်ငွေ ၂၅၇.၇ သန်း၊ Avengers :Infinity War က ဝင်ငွေ သန်း ၂၀၂ သန်းရရှိခဲ့တဲ့အတွက် အခု Incredibles 2 ဇာတ်ကား ဟာတတိယဝင်ငွေအများဆုံးဇာတ်ကားလို့ဆိုရမှာပါ။  

ခြူး

ကိုးကား>> ဆလက်ရှ်ဖလင် ဒါ့ကွန်း