ဇာတ်ညွှန်းနှင့် စိန်ခေါ်မှုများ (၂) ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပမည်

ရန်ကုန် ၁၃ ဒီဇင်ဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊ စီမံခန့်ခွဲရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော “ ဇာတ်ညွှန်းနှင့်စိန်ခေါ်မှုများ (၂)” ခေါင်းစဉ်ဖြင့် ဇာတ်ညွှန်း အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၅ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမှတ် (၅၀) ရွှေတောင်ကြားလမ်း၊ ရုပ်ရှင်အနုပညာ ရပ်ဝန်းရှိ “ရုပ်ရှင်ဖွံ့ဖြိုး တိုးတက် ရေးစင်တာ” (Film Development Centre)၌ ကျင်းပမည်ဖြစ်သည်။

 

အဆိုပါဆွေးနွေးပွဲတွင် ဇာတ်ညွှန်း L မင်းပြည့်မွန်နှင့်အတူ ပြည်တွင်း/ပြည်ပ ပရိသတ်အားပေးမှုများစွာ ရရှိနေသော “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာ သြရသနှင့် ဇာတ်ညွှန်း လွင်မင်းအံ့တို့က ပါဝင်ဆွေးနွေးကြမည်ဖြစ်ပြီး မြန်မာ့ရုပ်ရှင်လောကတွင် ဇာတ်ညွှန်းအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းနှင့် စိတ်ပါဝင်စားသူများ တက်ရောက်လေ့လာနိုင်ကြောင်း သိရှိရသည်။

 

သတင်းစဉ်