နေပြည်တော် နိုဝင်ဘာ ၁၂
နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက ဦးဆောင်၍ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများက ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်သူ များအား နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက ရေဆင်းကျေးရွာ မိုးကုတ် ဓမ္မရိပ်သာရွှေကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)မှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများအဖွဲ့၊ ဇေယျာသီရိမြို့နယ် ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံမှ ဆေးအဖွဲ့တို့သည် ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၃ စုမှ ကျေးရွာစုစုပေါင်း ၇၅ ရွာမှ ပြည်သူများအား အထူးကုကွင်းဆင်းကုသမှုများ ပြုလုပ်ခဲ့ပြီး အထွေထွေရောဂါ၊ ခွဲစိတ်ရောဂါ၊ အရိုးရောဂါ၊ ကလေးရောဂါ၊ သားဖွား မီးယပ်ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကာယကု စသည့် ဆေးကုသမှုလုပ်ငန်းများအပြင် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ တီဘီရောဂါ ကြည့်ရှုကုသပေးခြင်း၊ ရွေ့လျားဓာတ်မှန်ယာဉ်ဖြင့် ကြည့်ရှုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)


