ဇီးကုန်း ဇန်နဝါရီ ၈

 

မြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခြင်းမရှိသူများနှင့် ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်ခြင်းတို့အား One Stop Servic ဖြင့် ဆောင်ရွက်ပေးခြင်းကို  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံး၌ ဇန်နဝါရီ ၇ ရက်မှ ၉ ရက်အထိ ဆောင်ရွက်ပေးလျက်ရှိသည်။

 

မြို့နယ်ဦးစီးမှူး ဦးထွန်းအေး၏ ကြီးကြပ်မှုဖြင့် ဇီးကုန်းမြို့နယ် အတွင်းရှိ နိုင်ငံသားကတ်ပြား ပျောက်ဆုံး၊  ပျက်စီး၊  လဲလှယ်ခြင်း ဆောင်ရွက်ပေးနေမှုကို ခရိုင်ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေသီဝမ်က ကြည့်ရှုစစ်ဆေးပြီး အထောက်အထားပြည့်စုံခိုင်လုံစွာဖြင့် လာရောက် ပြုလုပ်သူများအား နိုင်ငံသားကတ်များကို လက်ဝယ်အရောက် နေ့ချင်းပြီး ဆောင်ရွက်ပေးအပ်ခဲ့သည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ယနေ့အထိ နိုင်ငံသားစိစစ်ရေးကတ် ၇၁၉ ခုအား ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။    

 

မြို့နယ်(ပြန်/ဆက်)