ဇလွန် ၁ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ဇလွန်မြို့နယ် ဒေါင့်ကြီးကျေးရွာတွင်ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များကာကွယ်ဆေးထိုးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို ဒေါင့်ကြီးကျေးလက်ကျန်းမာရေးဌာနတွင် ယနေ့နံနက်ပိုင်းက ကျန်းမာရေးအသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြသည်။
ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ဒေါင့်ကြီးကျန်းမာရေးမှူး ဦးဇော်လွင်ဦး၊ ကျန်းမာရေးဆရာမဒေါ်အေးမြင့်နိုင်၊ သာဖွားဆရာမ ဒေါ်ဇာခြည်မိုးတို့က ကာကွယ်ဆေးများကြောင်း၊ ကိုယ်ဝန်ဆောင် စဉ်၊မီးဖွားစဉ်နှင့်မီးတွင်းကာလ အန္တရာယ်လက္ခဏာများအကြောင်း၊တီဘီ ၅ မျ ိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေး၊ ဝက်သက်နှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ကိုယ်ဝန်ဆောင်မေးခိုင်ကာကွယ်ဆေးများအကြောင်းအသိပညာပေးဟောပြောခဲ့ပြီးကလေးငယ်များအားအသက်အပိုင်းခြားအလိုက်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)


