ဇလွန် စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် စက်မူလယ်ယာဦးစီးဌာန အမှတ်(၄၉) စက်မှုလယ်ယာစခန်းတွင် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
သင်တန်းတွင် ဟင်္သာတခရိုင် စက်မူလယ်ယာဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးငြိမ်းသောင်းက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်လျက်ရှိရာ ရိတ်သိမ်းခြွေလှေ့စက်များကို လယ်ယာလုပ်ငန်းခွင်တွင် စနစ်တကျ နည်းမှန်လမ်းမှန် အန္တရာယ်ကင်းစွာ သုံးစွဲတတ်စေရန်၊ ကျွမ်းကျင်စွာ မောင်းနှင်ထိန်းသိမ်းတတ်စေရန်၊ စနစ်တကျ ချိန်ညှိတတ်စေရန်နှင့် စပါးအလေအလွင့်နည်းပါးရေးတို့အတွက် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ သင်တန်းကို စက်တင်ဘာ ၈ ရက်မှ ၁၉ ရက် အထိ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


