ဇမ်ဘီယာတွင် တရုတ်နွေဦးပွဲတော် ပျော်ပွဲရွှင်ပွဲကျင်းပ

၂၁ ဇန်နဝါရီ

 

ဇမ်ဘီယာနိုင်ငံရှိ တရုတ်သံရုံး က ၂၀၁၉ ခုနှစ် နွေဦးပွဲတော် ပျော်ပွဲရွှင်ပွဲကို လူဆာကာတွင် ယမန်နေ့က အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ နွေဦးပွဲတော်တွင် ခြင်္သေ့နှင့် နဂါးအကများ ၊ တရုတ်ရိုးရာအတီးအမှုတ်အဆိုအကများအပြင် ကိုယ်ခံပညာရပ်များ ဖြင့် တရုတ်လူမျိုးများနှင့် ဒေသခံအနုပညာသည်များက ဖျော်ဖြေခဲ့ကြပြီးလူဆာကာရှိ တရုတ်စားသောက်ဆိုင်များမှ တရုတ်အစားအစာဖြင့် ကျွေးမွေးခဲ့ကြောင်း ဖော်ပြထားသည်။

 

ထိုနွေဦးပွဲတော်ကို များသောအားဖြင့် ပွဲလမ်းသဘင် (သို့မဟုတ်) သတ်မှတ်ထားသောရက်တွင် တရုတ်နိုင်ငံ ဘုရားကျောင်းတစ်ခုအနီး (သို့မဟုတ် ) လဟာပြင်၌ကျင်းပကြသည်။တစ်ချို့မှာ နွေဦးရာသီ ပွဲတော်အတွင်းသာ ကျင်းပကြသည်။

 

ဇမ်ဘီယာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် လီဂျီအီးက ယင်းနွေဦးပွဲတော်သည် နှစ်နိုင်ငံကြား ယဉ်ကျေးမှုဖလှယ်ရေး မြှင့်တင်ပေးသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း ပွဲတော်တွင် ပြောကြားခဲ့သည်။ နှစ်နိုင်ငံဆက်ဆံရေး ထပ်မံတိုးတက်ကောင်းမွန်လာရန် တရုတ်အနေဖြင့် အစွမ်းကုန်ကြိုးစားမည်ဟု လီက ဆိုသည်။

 

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို