၂၅ နိုဝင်ဘာ
ဗြိတိန်နိုင်ငံသည် ဇန်နဝါရီလ ၃၁ရက် နောက်ဆုံးထား၍ ဉရောပသမဂ္ဂမှ ထွက်ခွာသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကတိပေးလိုက်သည်။
ကွန်ဆာဗေးတစ်ပါတီ၏ ဒီဇင်ဘာလ ၁၂ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မူဝါဒကို အင်္ဂလန်နိုင်ငံအလယ်ပိုင်း တဲဖို့ဒ်မြို့တွင် တနင်္ဂနွေနေ့က ၎င်းက ကြေညာခဲ့သည်။
ဘောရစ်ဂျွန်ဆင်က ဘရက်ဆစ် သဘောတူညီချက်ကို ခရစ္စမတ်မတိုင်မီ ပါလီမန်သို့တင်ပြပြီး ၂၀၂၀ ဇန်နဝါရီလတွင် အီးယူမှ ထွက်ခွာမည်ဖြစ်ကြောင်း ၎င်းက ကတိပြုထားသည်။
၂၀၂၀ ဒီဇင်ဘာထက်ကျော်လွန်ပြီး အကောင်အထည်ဖော်သည့် ကာလကို တိုးမြှင့်မည် မဟုတ်ကြောင်း ဘောရစ်ဂျွန်ဆင်က ပြောကြားခဲ့သည်။
ဘရက်ဆစ်ကို ပြီးအောင် အကောင်အထည်ဖော်ပြီးမှ ဗြိတိန်၏ စွမ်းဆောင်ရည်ကို ချီးမွမ်းပါဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။
မကြာမီက ပြုလုပ်ခဲ့သည့် စစ်တမ်းတွင် ကွန်ဆာဗေးတစ်ပါတီသည် ၎င်း၏ အကြီးမားဆုံး ပြိုင်ဘက်ဖြစ်သည့် လေဘာဘာတီထက် ၁၀မှတ် သာခဲ့သည်ဟု ဆိုသည်။
The Sunday Times သတင်းစာ၏ နောက်ဆုံးဖော်ပြသည့် သုတေသန အချက်အလက်များပေါ် မူတည်ပြီး ဒီဇင်ဘာလ ၁၂ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီသည် အနိုင်ရနိုင်ခြေရှိသည်ဟု ခန့်မှန်းလျက်ရှိကြောင်း ဖော်ပြခဲ့သည်။
၂၀၁၇ခုနှစ်အတွင်းက ကွန်ဆာဗေးတစ်ပါတီက အစောပိုင်း ရွေးကောက်ပွဲ မဲဆွယ်ကာလကို ဉီးဆောင်နိုင်ခဲ့သော်လည်း လွှတ်တော်အတွင်း ၎င်းတို့ပါတီမှာ အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည်။
ကိုးကား-အန်အတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


