ဇန်နဝါရီ ၄ ရက်နေ့ ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက် 

နေပြည်တော် ၄ ဇန်နဝါရီ


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေသည်။


ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၀၅:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “ပါဘက်”(Pabuk)သည် ထိုင်းပင်လယ်ကွေ့သို့ ရောက်ရှိခဲ့ပြီး၊ ထိုင်းနိုင်ငံ၊ နခွန်စီသမာရက်မြို့ (Nakhon Si Thammarat)၏ အရှေ့တောင် ဘက် (၁၂၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကော့သောင်း မြို့၏ အရှေ့တောင် ဘက် မိုင်(၂၄၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါအပူပိုင်းမုန်တိုင်း “ပါဘက်” (Pabuk)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ကုန်းတွင်းသို့ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ တောင်ဘက်ရှိ နခွန်စီသမာရက်မြို့ (ထိုင်းနိုင်ငံ)အနီးမှ ယနေ့ညပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်ပြီး၊ ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။


ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ပင်လယ်ပြင်ခရီးအတွက် 

မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေဝသအ‌ခြေအနေ။ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

အမြင်တာ ။ (၄)မိုင်၊ မိုးရွာစဉ်(၁)မိုင်ခန့်။

ရေပြင်လေ။ မြောက်(သို့)အရှေ့မြောက်၊ တစ်နာရီ ပင်လယ်မိုင် (၁၅-၂၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၄၀)။

လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးမည်။

လှိုင်းအမြင့်။ (၈)ပေမှ (၁၀)ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေဝသအ‌ခြေအနေ။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

အမြင်တာ ။ (၅)မိုင်။

ရေပြင်လေ။ မြောက်(သို့)အရှေ့မြောက်၊ တစ်နာရီ ပင်လယ်မိုင်(၁၀-၁၅)မိုင်၊ တစ်ခါတစ်ရံ မိုင်(၃၀)။

လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။ (၄)ပေမှ (၆)ပေခန့်။


MDN