ကြာအင်းဆိပ်ကြီး ၂ ဧပြီ 

 


ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်မတော်တဆမှု/ယာဉ်တိုက်မှု မဖြစ်ပွားစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ယာဉ်အန္တရာယ်အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက မြို့ဝင် မြို့ထွက်နှင့် အမှတ်(၅)ရပ်ကွက် မြို့မဈေးရှေ့ ဗိုလ်ချုပ်လမ်းနှင့်စိုက်ပျိုးရေးလမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

 

adf

 

အဆိုပါ အသိပညာပေးဟောပြောခြင်းကို ကြာအင်းဆိပ်ကြီးမြို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များမှ အသိပညာပေးဆိုင်းဘုတ်များစိုက်ထူးခြင်း မော်တော်ဆိုင်ကယ်စီးနင်းသူ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် မတော်တဆမှု ယာဉ်တိုက်မှုများမဖြစ်ပွားစေရေးအတွက် ယာဉ်မောင်းသူများလိုက်နာရမည့် စည်းကမ်းချက်များ သင်္ကြန်ကာလအတွင်း မှုခင်းများမဖြစ်ပွားစေရန် ပြည်သူများသတိပြုရှောင်ကြဉ်ရမည့်အချက်များ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပြည်သူများသတိပြုရန်စသည်များအား အသိပညာပေးပြောကြားခဲ့သည်။ 

 

 

ယင်းနောက် တပ်ဖွဲ့ဝင်များမှ ခရီးသွားပည်သူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မျိုးမင်းဦး(ပြန်/ဆက်)