ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

 

နေပြည်တော်    မေ    

 

တပ်မတော်(လေ)က  ၂၀၂၄ ခုနှစ်   အခြေခံ လေကြောင်း လူငယ်သင်တန်း အမှတ်စဉ်(/၂၀၂၄)နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(/၂၀၂၄) သင်တန်းများကို ကာကွယ်ရေးဦးစီး ချုပ်ရုံး(လေ)  ကြီးကြပ်ကွပ်ကဲမှုဖြင့်  သင်တန်းစခန်း ၁၇ ခုတွင် စုစုပေါင်းသင်တန်းသား ၈၅၀  ဖြင့် ဧပြီ ၂၂ ရက်မှစတင်၍ ဖွင့်လှစ်လျက်ရှိသည်။

 

ထိုသို့  ဖွင့်လှစ်သင်ကြားလျက်ရှိရာ  ယနေ့ မွန်းလွဲပိုင်းတွင်  ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး  ထွန်းအောင်နှင့်  အဖွဲ့ဝင်များသည် လေယာဉ်ထုတ်လုပ်   ပြင်ဆင်ရေးဌာနချုပ်တွင် ဖွင့်လှစ်ပို့ချလျက်ရှိသည့်   အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (/၂၀၂၄)(ရန်ကုန် သင်တန်းစခန်း)နှင့် မှော်ဘီလေတပ်စခန်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည့်   တန်းမြင့်လေကြောင်း လူငယ်သင်တန်း အမှတ်စဉ်(/၂၀၂၄) (မြန်မာပြည် တောင်ပိုင်းသင်တန်းစခန်း)များသို့ သွားရောက်ခဲ့ပြီး သင်တန်းသားများနှင့် တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသားများ သင်ခန်းစာပို့ချနေမှုများကို  လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရင်းရင်းနှီးနှီး  တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း  သိရသည်။

သတင်းစဉ်